ညနေ မှောင်ခါစ အချိန်မို့ အိပ်တန်းတတ်ရန်အတွက်အိမ်ပြန်နေကျသော ကောင်းကင်၌ ပျံသန်းနေသည့် ငှက်တွေ နဲ့အတူ လေညှင်းကပါဖြည်းညှင်းစွာတိုက်ခတ်နေသည်၊၊ ရစ်အိမ်၏ ခြံဝန်းထဲ၌လည်း မီးရောင်စုံများ စွာထွန်းထားပြီးအလှဆင်ထားသည်မှာ မငေးကြည့်ဘဲမနေနိုင်လောက်သည်အထိပင် ၊၊ ခြံထဲတွင် ရှိသော ဘန်ဂလိုအသေးစားလေး ဘေး၌ ရစ်က ရန်အတွက်လုပ်ပေးထားသော ဒန်းလေးပေါ်၌ထိုင်ကာ စောစောပြန်လာမယ်လို့ပြောသွားသော ရစ်ကို ရန်ထိုင်စောင့်နေမိသည်၊၊ မနက်ထဲကထွက်သွားပြီး ညစောစော ပြန်လာမယ်လို့ပြောသွားတဲ့ရစ်က အခု ညတောင် ရောက်နေ ပေမဲ့ ပြန်မလာသေးပေ၊၊ ရန်လည်း ဒီဒန်းပါ်မှာ ထိုင်ပြီးရစ်ကိုထိုင်စောင့်နေသည်မှာ 2 နာရီကျော်ကြာနေခဲ့ပြီဖြစ်သည်၊၊
တီ တီ....
ရုတ်တရက် နံပါတ်စိမ်းနဲ့ ရန်ဆီသို့ဝင်လာသောဖုန်းကြောင့် နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားရသည်၊၊ ရန်ဖုန်းနံပါတ်ကိုသိပြီး ရန်ကိုဖုန်းခေါ်မည့်လူက လက်ချိုးရေလို့ပင်ရသည်၊၊ ဝင်နေသောဖုန်းနံပါတ်အစိမ်းက ရန်မကိုင်မခြင်း ထပ်ခါထပ်ခါလာနေ၏၊၊ ထို့ကြောင့် ဘာမှဆက်မတွေးတော့ဘဲ လာနေသောဖုန်းကို ရန်ပြန်ဖြေရန် ဖုန်းကိုင်လိုက်တော့သည်၊၊
"ဟယ်လို ဘယ်သူပါလဲဗျ"
"ရန်လေး ကိုယ်ပါ"
"ခင်ဗျား ခွန်းကမ္ဘာရန်နိုင်!"
တစ်ဖက်မှ တဟားဟားနဲ့အော်ရယ်နေသည် ခွန်းကမ္ဘာရန်နိုင်၏အသံ က မနှစ်မျို့စရာကောင်းသည်၊၊ လူကိုမမြင်ရသေးဘဲ အသံကြားတာနဲ့တင် သတ်ပြစ်ချင်စိတ်က အလုံးအရင်းနဲ့ကိုဝင်လာသည်၊၊ အဲ့ဒီလူကြောင့်သာမဟုတ်ရင် ပြဿနာတွေ တစ်သီးတစ်တန်းကြီးတတ်မှာမဟုတ်၊၊ ရစ်အိမ်တော်လည်း အသေအပျောက်ကိစ္စတွေ ဖြစ်လာမည်လည်းမဟုတ်ပေ၊၊ တစ်ခါတစ်ရံ ရစ်ရှေ့ ရန်မျက်နှာတောင်မပြဝံ့ချင်ပေ၊၊ ကိုယ်ဦးလေးဖြစ်သူကြောင့် ရစ်၏ အဖေနဲ့ သူငယ်ချင်းသေရသည့်အပြင် အဒေါ် ကပါ အဖြစ်ဆိုးနဲ့သေခဲ့ရသေး သည်၊၊ ဒါနဲ့တောင်ပြီးမသွား အလုပ်ကိစ္စ တွေနဲ့ပက်သက်ပြီးလည်း ရစ် မနည်းဖြေရှင်းခဲ့ရသည့် ကိစ္စတွေရှိသေးသည်၊၊ ရန်နဲ့သာ ရစ်ကမတွေ့ဆုံခဲ့လျှင် ဒီလိုအဖြစ်ဆိုးတွေက ဖြစ်လာမည်မဟုတ်၊၊ မိသားစု စုံစုံလင်လင်နဲ့ ရစ်က သူဘဝနဲ့သူ ပျော်နေလောက်မှာ၊၊