6

46.1K 2.1K 81
                                    

Uni

နောက်ကျိနေသော ခေါင်းနှင့် ရှုပ်ထွေးနေသောအတွေးအာရုံတို့ကြောင့် ဘာမှမလုပ်ရတာတောင် လူက ပင်ပန်းချင်သလိုဖြစ်နေလေသည်၊၊ထို့ကြောင့် ဒီနေ့တောင် ဗာရစ် အပြင်ကို မထွက်ဖြစ်၊၊ ချိန်ထားသော အစည်းအဝေး ကိုလည်း နောက်ရက်သို့ ရွှေ့ဆိုင်းထားခိုင်းလိုက်ရသည်၊၊ အလုပ်စားပွဲ၌ ထိုင်ကာ ဗာရစ်အလုပ် လုပ်မယ်လို့တွေးလိုက်ပေမဲ့ ထိုးကိုက်လာသော ခေါင်းကြောင့် ဒီတိုင်းသာ ထိုင်ခုံထက်ထိုင်မှိန်းနေရသည် အလုပ် တောင် မလုပ်ဖြစ်၊၊

လက်၌ ပတ် ထားသော နာရီဆီသို့အကြည့်ရောက်မိတော့ နံနက် 9 ခွဲပင် ရှိနေလပြီ၊၊ သို့ပေမဲ့ ကုတင်ပေါ်က ခွန်းညီလွန်းရန် ကတော့ အခုထက်ထိ မထသေး၊၊အိပ်ကောင်းတုန်းပင်ရှိသေးသည်၊၊ အတွေးများနေတုန်းမှာဘဲ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းက တုန်ခါလာသည်ကြောင့် ဗာရစ်ထုတ်ကာပင်ကြည်မိတော့ မာမီဆီမှ ဖြစ်နေလေသည်၊၊ အရင် ဒါလီယာကိစ္စနဲ့ ပက်သက်ပြီးထဲက မာမီက ဗာရစ်ကို စိတ်ဆိုးစွာပင် အခေါ်အပြောမလုပ်ခဲ့သည်မှာ နှစ်ပတ်ထက်မနည်းတော့၊၊ အခုမှ ဘာစိတ်ကူးပေါက်ပြီး ဖုန်းခေါ်သည်လည်းတော့ မသိ၊၊ ဧကန ဗာရစ်ကို စိတ်ဆိုးပြေသွားပြီထင်ရဲ့


" ပြော"


"မနက်ဖြန် 11 ထိုးကျရင် အိမ်တော်ရဲ့ သင်္ချိုင်း မြေကို ဝင်ရမှာနော် ၊၊ အဲ့တာ ဒီညနေ ရန်ကုန်ပြန်လာခဲ့"


"အင်း"


ဒီမျှလောက်သာပင် ပြောပြီးသည်နှင့် ‌ဗာရစ် ဖုန်းချလိုက်တော့သည်၊၊ စိတ်တွေေ ကြည်မနေတာကြောင့် ဘယ်သူနဲ့မှ စကားသိပ်မပြောချင်၊၊ ဒီညနေ ရန်ကုန်ပြန်သွားရမည်မို့ ဗာရစ် အခုထဲကပင် သိမ်းစရာရှိသော ပစ္စည်းများကို luggage ထဲသို့ ထည့်နေလိုက်တော့သည်၊၊ ဗာရစ် ပစ္စည်းများအကုန်ထည့်ပြီးသည်နှင့် ခွေးပေါက် ခွန်းညီလွန်းရန် ၏ ပစ္စည်းများကို လိုက်စုကာပင် သူရဲ့ luggage ထဲသို့ ထည့်ပေးထားလိုက်သည်၊၊ စေတနာ ပါနေလို့တော့မဟုတ်ဘူး အလုပ်အားနေလို့သာ လုပ်ပေးခြင်းသာ

နေ့လယ် ပိုင်းလောက်ရောက်တဲ့ အချိန်မှာတော့ ခွန်းညီလွန်းရန် က နိုးလာလေပြီ၊၊ အိပ်ချင်မူးတူးနဲ့ရုပ်က ဆွဲဖြဲချင်စရာ၊၊ ခွန်းညီလွန်းရန် အိပ်ယာထထ ခြင်း ဘာလုပ်မယ် ဆိုတာကို သိချင်တာကြောင့် ဗာရစ် အခန်းထဲက ဆိုဖာ၌ ခြေချိတ်ထိုင်လျက်ဖြင့် စောင့်ကြည့်နေလိုက်သည်၊၊ ကုတင်ပေါ်သို့ဖြာကျနေသောနေရောင်အောက် အင်္ကျီ အဖြူပွပွ ကြီးဝတ်ထားသော ခွန်းညီလွန်းရန် ၏ အတွင်းခန္ဓာကိုယ်အား နေရောင်ထိုးဖောက်ထားခြင်းကြောင့် အတိုင်းသားမြင်နေရသည်၊၊ မပွင့်တပွင့် မျက်လုံးအိမ်တွေနှင့်ဖွာလန်ကျဲနေသော ဆံပင်များ ၊၊ ထို့ပြင်တဝါးဝါးသန်းနေပုံများက ပါးစပ်ထဲ ယင်ကောင်အသိုက်ဝင်လုပ်လို့ ရလောက်တော့မည် ၊၊ စားပွဲပေါ်တင်ထားသော အ ရက်ခွက်ကို ကောက်ကိုင်ကာပင် ဗာရစ် ခွန်းညီလွန်းရန် ကို ကြည့်ရင်း အရက်ကိုအရသာခံသောက်နေလိုက်တော့သည်၊၊ အမြည်းမလိုဘဲ ဗာရစ်ရှေ့က နေရောင်ဖောက်ထွက်နေသော ခန္ဓာကိုယ်ကို သာ အမြည်းဖြင့်သက်မှတ်လျက် မျက်စိအစားကျွေးရင် အရက်ကို ဇိမ်ခံသောက်နေလိုက်တော့သည်၊၊



My  Stranger   Husband   RICKWhere stories live. Discover now