အမှောင်ထု၏လေဟာနယ်ရပ်ဝန်း၊၊ ဘေးပတ်ပတ်လည်မှာ အမှောင်ထုသာရှိပြီး ဘယ်ကိုသွားလို့သွားရမလဲ မသိပေ၊၊သူဒီနေရာကို ရောက်ရှိနေသည်မှာ အတော်ကြာနေလေပြီ၊၊ ခြေဦးတည်ရာအတိုင်း အမှောင်ထဲ တိုးဝင်ကာ သွားနေပါသောလည်းအခုထက်ထိ ဒီနေရာကနေ လွတ်မြောက်မည်ထွက်ပေါက်ကိုမတွေ့နိုင်သေး၊၊
ခန္ဓာကိုယ်တစ်ခုလုံး အားအင်တစ်စက်မှမရှိဘဲ ပျော့ခွေချင်နေသည်တိုင် လပ်မလျော့ဘဲ သူဟာ အမှောင်ထဲကိုဘဲ ဆက်၍တိုးဝင်နေခဲ့သည်၊၊ အေးစက်စက်ခံစားချက်တွေက ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖုံးလွှမ်းထားပြီး ကြောက်စိတ်ကို ဖြစ်ပေါ်စေသည်၊၊ ခန္ဓာကိုယ် တစ်ခုလုံးမှာ အလေးလံဆုံးနေရာကတော့ သူ၏ ဝမ်းဗိုက်ပင်ဖြစ်သည်၊၊ သူဟာ ပူဖောင်းနေသော ဗိုက်ကို အသာကိုင်၍
"ဖေဖေတို့ ဒီကရအောင် ထွက်မယ်နော် ခဏလေးဘဲ ထပ်စောင့်ပေးကလေးလေး"
တိတ်ဆိတ်နေသော ပတ်ဝန်းကျင် ကြောင့် ရန်၏ တိုးတိုးဖျော့ အသံမှာ အနည်းငယ်ကျယ်နေ၏၊၊ ဘယ်ဆီဘယ်နေရာကို ရောက်လာမှန်းမသိသလို ဒီအမှောင်ထုထဲကနေ ရန် ဘယ်လိုပြန်ထွက်ရမလဲ ဆိုတာကိုလည်း မသိပေ၊၊
ဟွန်းးး!
လှောင်ပြောင်မှုတွေပါဝင်နေသော ခပ်ထေ့ထေ့လှောင်ရယ်သံတစ်ခူ၊၊ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေသည်မို့ ထိုလှောင်ရယ်သံကို ရန် သေချာကိုကြားလိုက်ရသည်၊၊ ထို့ပြင် ထို့သို့ အမြဲ လှောင်ရယ်တတ်တာက ရန်သိတဲ့လူတွေထဲမှာ မောင် အပြင် မည်သူမှမရှိပေ၊၊
"မောင် မင်း .. မင်းမဟုတ်လားဟင် "
"မောင် မင်း ငါ ကို လာခေါ်တာမဟုတ်လား ၊ ငါမောင်နောက် လိုက်ခဲ့မှာမလို့ ငါကို ဒီနေရာကနေ အမြန် ခေါ်သွားပေးပါ"
"ကျုပ် ခင်ဗျား ကို မုန်းတယ်!!"
ဟိန်းထွက်လာတဲ့အော်သံက နားစည်အတွင်းသို့ ပြင်းထန်စွာပင် အသံလှိုင်းက ရိုက်ဝင်သည်၊၊ မဖိတ်ခေါ်ပေမဲ့ မျက်ရည်ပူတွေက ပါးပြင်ထက်သို့ အလိုလိုကျ ဆင်းလာ၏၊၊ ရန် ခေါင်းတသွင်သွင်သာ ခါးယမ်းနေမိပြီး နှုတ်မှလည်း မမုန်းလိုက်ပါနဲ့ဆိုသော စကားကိုသာ ဆက်တိုက် ပြောနေမိသည်၊၊