10

44K 1.9K 93
                                    

Uni

နေကောင်းနေသည်ဖြစ်တဲ့အပြင် စိုးရိမ်စရာအခြေအနေလည်းမရှိတော့တာမို့ မနေ့ကမနက်ထဲက  ရန်  ဆေးရုံကဆင်းလာခဲ့သည်၊၊ ရန် ဆေးရုံကနေ မဆင်းခင် ညနေလောက်အလိုထဲကနေ မာဗာရစ်က   ရန် ကို စကားမပြောပေ၊၊ ပုံမှန်ဆို  အပြစ်မရှိအပြစ်ရှာပြီး  ပေါက်ပေါက်ဖောက်နေတတ်တာလေ၊၊  အခုကျမှ  ဗြုန်းစားကြီး  ရန် ကို မရှိတဲ့လူလို လျစ်လျူ ရူနေတာက ဘာသဘောလည်း၊၊  အဲ့နေ့ နေလယ်လောက်က ‌မင်းသန့်နဲ့  ရန်  စကားကျနေလိုက်တာ  ညနေဘက်မှ ပြီး၏၊၊  မင်းသန့်ညနေဘက် ပြန်သွားတော့မှ   ရန်   မာဗာရစ်က အခန်းထဲ၌   ထိုင်ပြီးအရက်သောက်လျက်   ရန် တို့ကို ကြည့်နေတာကို သတိထားမိတော့၊၊  ထိုထဲကနေစ၍ ရန် ဘက်က  စကားစရင်တောင်  နှာမှုတ်ပြပြီး မသိသလို မကြားသလိုနဲ့ရှောင်သွားတတ်သည်၊၊  ဒီနေ့မနက်လည်း   ရန် အစောကြီး နိုးနေ၍ ထိုင်နေတာတောင် အရင်လို    ရန်စကားစောင်းမြှောင်း ပြောသွားခြင်းမရှိဘဲ ဒီတိုင်းမသိသလိုသာ အလုပ်ကိုအစောကြီးထွက်သွားလေသည်၊၊  သေချာတာကတော့  မာဗာရစ် ရန်အပေါ် တစ်ခုခု မကျေနပ်တာ ရှိနေတာဘဲဖြစ်ရမည်၊၊

ဒီအိမ်တော်ကလည်း မနက်ပိုင်းဆို  အလုပ်သမားတွေနဲ့လူစည်သလောက် နေ့လယ်ပိုင်းဆို တစ်ယောက်မှကိုမတွေ့ ၊၊ မေနှောင်းတို့မိသားစုကတော့ မနက် ပိုင်းထဲက  အလုပ်ကို ကိုယ်စီထွက်သွားကြပြီ ညနေပိုင်းမှ ပြန်ရောက်လေ့ရှိကြသည်၊၊  အခုလိုနေ့လယ်ပိုင်းမှာတော့  ရန်တစ်ယောက်ထဲသာ  အိမ်ထဲရှိသလိုပင်၊၊ အမြဲ  ဝရံတာ ၌ ထိုင်ကာ တစ်ခုခု  စားရင်စားမစားရင် ဖုန်းကြည့်၊၊ ဘဝကြီးက အလုပ်မရှိအကိုင်မရှိ  စားလိုက်သောက်လိုက်နဲ့သာ  ဒီအိမ်တော်ကို ရောက်ထဲက ကုန်ဆုံးနေသည်၊၊ ဒါလည်း တစ်မျိုးတော့ကောင်းပါတယ်

တစ်ယောက်ထဲ  ဝရံတာ၌ ထိုင်နေရတာ ကြာလာတာကြောင့် ပျင်းလာလေပြီ၊၊ ထို့ကြောင့် ရန် အိမ်အောက်ထပ်မှာ အပျင်းပြေတစ်ခုခုစားဖို့အတွက်  အခန်းထဲကနေ ထွက်လာခဲ့တော့သည်၊၊  မာဗာရစ် အခန်းကအပေါ်ဆုံးထပ်မှာမို့   အိမ်အောက်ထပ်ကို  သွားရန်   lift  ကိုစီးရသေးသည်၊၊   ငါးထပ် အိမ်ကြီးကိုမှ  ဘေး၌လည်း အဆောင်အတွဲတွေအများကြီးဖြင့် ဆောက်လုပ်ထားသည်၊၊ ခြံကြီးကတော့ အတော်ကိုကျယ်သည်၊၊

My  Stranger   Husband   RICKWhere stories live. Discover now