19

34.7K 1.6K 328
                                    

Uni

ယနေ့မနက်က ‌ရာသီဥတု သာယာသော်လည်း  အချိန်နဲ့မလိုက် ပူပြင်းလွန်းတာကြောင့်  ရန် ရေချိုးနေရသည်မှာ နှစ်ခါပင်ရှိနေလေပြီ၊၊ ဒါတောင်အခုအချိန်က မနက်10နာရီလောက်သာ ရှိသေးသည်၊၊  အညာဒေသမို့ နွေဆို အခြားနေရာတွေထက် ပိုပူသည်မှာလည်းသိပ်မဆန်းပေ၊၊ ညညဆိုလျှင် မြို့ကလို အဲကွန်းမရှိတာမို့  ပူလွန်း၍ ယပ်တောင် ခပ်နေရသည်မှာလည်း လက်တောင်ပြုတ်ထွက်မတတ်၊၊ ညဘက်ကောင်းကောင်းအိပ်မရလို့နေ့ဘက်အိပ်မည်ဆိုလျှင်လည်း အိပ်ပေါ်ထပ်မှာ  နည်းနည်းတောင်မနေနိုင်၊၊  အိမ်ထဲမှာကအပြင်ထက် ပိုပူတာကြောင့် ရန်မှာ  အိမ်ရှေ့ကွပ်ပျစ်ကျယ်၌သာ ထွက်နေရသည်၊၊ 


စောခါးလေးကတော့ ထုံစံအတိုင်း ရန်ဘေး၌ ထိုင်ပြီး စာရေးကျင့်နေ၏၊၊ သုံးလေးရက်လောက်  စာပြပြီးတဲ့နောက်မှာတော့  စောခါးလေးက  တော်တော်လေးကို  မြန်အက္ခရာနဲ့ အင်္ဂလိပ် အက္ခရာတွေကို  ရနေပြီဖြစ်သည်၊၊ ဟိုနေ့ညက   ညပိုင်း9 နာရီလောက်  ရန် အောက်ထပ်က  စောခါးလေးအခန်းသို့     အိပ်ပြီးအထင်နဲ့ သွားကြည့်တော့  ကလေးငယ်က မအိပ်သေးဘဲ စာကုန်းရေးနေ၏၊၊ ထို့ကြောင့် ရန်တောင်မှ  စောစောအိပ်ဖို့ပြောယူခဲ့ရသေးသည်၊၊ ဒီကလေး  အတော်လေးကို စာကိုကြိုးစားတာဖြစ်သည်၊၊

"အစ်ကို ဘာထိုင်လုပ်နေတာလဲ"


ရန် ထိုင်နေသော ကွပ်ပျစ်ပေါ်သို့ သူကြီးသား ကောင်းမြတ်က  ဝင်ထိုင်ရင်းနဲ့ မေးလာသည်၊၊ ထို့ပြင်  လက်ထဲပါလာသော သုံးဆင့်ချိုင့်ကိုလည်း  ဘေး၌ အသာချလိုက်သေးသည်၊၊ နေ့ခင်းအတွက် အပျင်းပြေ သရေစာ စားဖို့အတွက် သူကြီးက လာပို့ခိုင်းလိုက်တာ ဖြစ်လိမ့်မည်၊၊

"ကလေးစာ ပြနေတာလေ "


"ခါးမှိုင်းက  တော်တော် စာလုပ်တာဘဲ"

"ဒါနဲ့ စာဥရော ပုံမှန်ဆိုရင် သူလာပို့နေကျမလား"

ရန်က စူးစမ်းသလိုမေးတော့ ကောင်းမြတ်ဆိုသောကောင်းလေးက ခပ်ဟဟရယ်၏၊၊ ရှပ် အင်္ကျီ လက်တိုနဲ့  ကရင်ပုဆိုးကို တိုတိုတုတ်တုတ်ဝတ်ထားတဲ့ကောင်လေးက အသားရေဝင်းဝင်လေးနဲ့  ရုပ်ရှည်က ကြည့်ကောင်းတဲ့အထဲမှာပါသည်၊၊  ကရင်စစ်တွေ ဒီရွာမှာ အတော်များသည်၊၊  ကရင်ဗမာ စပ်ကတော့ အတော်လေးနည်းသည်ဟုဆိုရမည်၊၊ အသားအရည်တွေများ ယောကျ်ား လေး ကအစ  ဝင်းထွက်နေတာမျိုးတွေများသည်၊၊ တစ်ချို့တွေကြတော့လည်း ညိုတဲ့ ဘက်ကို ပိုသွားကြသည်၊၊ ရန်ဒီရွာစရောက်ထဲက အသားရည်မဲမဲတူးတူးတွေ တစ်ယောက်မှကိုမတွေ့မိ၊၊  

My  Stranger   Husband   RICKWhere stories live. Discover now