20

36.1K 1.6K 254
                                    

Uni

မျက်နှာပေါ်မှ လေးနေသည့်ခံစားချက်နဲ့အတူ တစ်ခုခုက  မျက်နှာပေါ်သို့ပြစ်တင်ထားသလိုခံစားနေရတာကြောင့် ဗာရစ် အသိတို့ဝင်လာကာ အိပ်ယာမှ နိုးလာရသည်၊၊ ဗာရစ်မျက်လုံးတို့ဖွင့်
ဖွင့်ချင်းပင် မြင်ရသည်က  နှာခေါင်းပေါ်သို့ပြစ်တင်ထားသည့်  ခြေထောက်ခပ်သေးသေးကိုပင်ဖြစ်သည်၊၊  ထိုခြေထောက်သေးသေးကို တစ်ခြားဘက်သို့ ဗာရစ်ပြစ်ချလိုက်ပြီး ကုတင်ပေါ်မှ ထထိုင်လိုက်သည်၊၊

ကုတင်ပေါ်၌ ခြေပစ်လက်ပစ် အိပ်နေတဲ့ ကလေးစုတ်က  အင်္ကျီ တောင်မှ  အပေါ်လှန်တတ်နေသည်၊၊   ကုတင်ဘေးက ကျွန်းစားပွဲအသေးပေါ်၌ တင်ထားသော နာရီကို ဗာရစ်လှမ်းကြည့်မိတော့ 12 နာရီ ကျော်နေပြီဖြစ်၏၊၊ ဒီနေ့မနက်  အစောကြီး  လွန်းရန်က  အစ်ကိုလက်ခတ်နဲ့အတူ  အမေရိက ကို ထွက်သွားပြီမလို့  အခု  ဒီကလေးစုတ်နဲ့ ဗာရစ်သာအိပ်ယာထဲ ကျန်ခဲ့ရသည်၊၊  မနေ့က  အဲ့ကလေးက နေမကောင်းဖြစ်သွားတာမလို့ လည်းသူအခန်းမှာ သုမအိပ်ဘဲ လွန်းရန်က ဗာရစ် အခန်းထဲသို့ခေါ်သိပ်တော့    ညက  ဗာရစ်နဲ့လွန်းရန်တောင်စကားခဏများခဲ့ကြသေး၏၊၊ထို့ပြင်လွန်းရန်က သူမရှိတုန်းမှာ အဲ့ငနာလေးကို တစ်ယောက်ထဲ မသိပ်ဖို့နဲ့ သေချာဂရုစိုက်ပေးဖို့ ဗာရစ်ကို မနေ့ထဲက ခဏခဏမှာသည်၊၊ လွန်းရန်က အဲ့လိုအဖြစ်သည်း  ပြလေ ဗာရစ်က ဒီကလေးစုတ်ကို ကြည့်မရလေပင်

နေ့လယ် တောင်ရောက်နေပြီမလို့  ဟိုကလေးကိုနှိုးပြီး ရေချိုးခိုင်းကာဖြင့် နေ့လယ်စာကျွေးရအုံးမည်၊၊ ဒီတိုင်းသာ မနှိုးဘဲဆက်ထားရင် ဒီကလေး ဘယ်ချိန်ထိများကာလနဂါးလိုအိပ်နေအုံး မလဲမသိ၊၊

"ဟေ့ကောင် ထစမ်း ပါ ! ၊၊   နေတောင်မင်းဗိုက်ထဲရောက် နေပြီ   ထစမ်းဟ "


ကားယားအိပ်ပျော်နေသောကောင်၏ ခြေထောက်တစ်ဖက်ကို ဗာရစ်ဆွဲကိုင်၍ အပေါ်သို့ဆွဲကာမြှောက်လိုက်သည်၊၊ထို့နောက် နှစ်ချက်လောက်ဆွဲခါပေးလိုက်တော့  မျက်လုံးများကို ပွတ်ပြီး နိုးလာ၏၊၊

" ဟေ့ ကောင် နိုးရင် မင်းဘာသာမျက်နှာသစ် ရေသွားချိုး၊၊ မင်း ကိစ္စတွေ ငါဘာမှ လိုက်မလုပ်ပေးနိုင်ဘူး မင်းဘာသာလုပ်  "

My  Stranger   Husband   RICKWhere stories live. Discover now