25(uni)

29.8K 1.6K 197
                                    

မူးနောက်နေသောခေါင်းနဲ့ ခန္ဓာကိုယ် တစ်ခုလုံးက လည်း လှုပ်မရအောင်ထိတင်းကြပ်နေသည်၊၊ ဦး ခေါင်း မူးနေတဲ့အရှိန်ကြောင့် ရန် မျက်လုံးများ မဖွင့်နိုင်သောလည်း အကြားအာရုံကတော့ ကောင်းကောင်းရနေသေးသည်၊၊ ရန်နဲ့ မလှမ်းမကမ်း မှာ စကားပြောနေသံတစ်ချို့ကိုကြားရသည်၊၊ မျက်လုံးဖွင့်ပြီး ဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာ ကြည့်ချင်ပါသော်လည်း ရန်မှာ မျက်လုံးဖွင့်ဖို့တောင် ယခုအားရှိမနေ၊၊ မျက်သား တွေကကျိန်းစပ်နေပြီး ဦးခေါင်းကလည်း မခံနိုင်လောက်အောင်ထိ ထိုးကိုက်နေတာဖြစ်သည်၊၊ နည်းနည်းလေး လှုပ်လိုက်တာနဲ့ မူးနောက်မှုကပိုဆိုးလာသည်ကြောင့် လှုပ်ရှားမှုမပြုဘဲ ရန် ငြိမ်ငြိမ်နေမိသည်၊၊

" အဲ့ကောင်ဘာလို့နိုးမလာသေးတာလဲ သုံးရက်တောင်ရှိနေပြီ၊၊မင်းတို့ ခေါင်းရိုက် တာ များသွားလို့အဲ့လိုဖြစ်တာ စောက်သုံးကို တစ်စက်မှမကျ ဘူး "

"ခေါင်းဆောင် မင်းသန့်နဲ့ ဟိုကလေး နိုးလာပါပြီ"

"ဒီအခန်းထဲခေါ်ခဲ့"


ယောကျ်ား နှစ်ယောက်စကားပြောသံက ခပ်လှမ်းလှမ်းကဆိုပေမဲ့ ရန်အတိုင်းသား ကြားနေရသည်၊၊ ထို့ပြင် မင်းသန့်ပါ ဖမ်းခေါ်ခံထားရပုံရှိသည်၊၊ ဒါပေမဲ့ ဘယ်သူက ဒီလို ဖမ်းခေါ်ထားလည်းဆိုတာတော့ ရန်လည်းသေချာမသိ၊၊ ထို့နောက် ရန် အဖမ်းမခံရစဥ်က အချိန်တွေကို ပြန်တွေးကြည့်မိရင်း....

နေစောင်းခါနီးညနေဘက်မို့ ရွာအပြင်ဘက်၌ လမ်းလျှောက်ထွက်ရန်အတွက် စောခါးကိုချီ၍ ရန် ရွာပြင်ဘက်သို့ ထွက်လာခဲ့သည်၊၊ ပုံမှန်လည်း ဒီလိုညနေစောင်းတာနဲ့ စောခါးနဲ့အတူ လမ်းလျှောက်ထွက်နေကြဖြစ်သည်၊၊ မင်းသန့်နဲ့စေရာဆိုတဲ့ ကောင်းလေးတို့က ရွန်ထွက်သွားပြီးနောက်နေ့မှာပင် ပြန်သွားကြတာမို့ အိမ်ကြီးထဲ ဒါလီယာနဲ့ ရန်သာ နှစ်ယောက်ထဲရှိသည်၊၊ အရင်က လူစုံတုန်းက စကားပြောသံများဖြင့်ပြည့်နှက်နေတဲ့အိမ်က အခုတော့ ခြောက်သွေ့တိတ်ဆိတ်နေ၏၊၊

ရစ်ထွက်သွားတဲ့ပထမရက် ၊ ရန်ဖြစ်ပြီးထဲက ကွာရှင်းစာချုပ်သွားယူမယ်လို့ပြောထားသည့်ကြောင့် မြို့ကိုသွားမယ်မှန်းသိပေမဲ့ အဲ့နေ့ကအစောကြီးထွက်သွားလိမ့်မယ်လို့ ရန်မထင်ခဲ့မိပါ၊၊ ထို့ပြင် ဒါလီယာကိုမေးကြည့်တော့လည်း သုံးလေးရက်လောက်ကြာပြီးတာနဲ့ ပြန်လာလိမ့်မည်ဟု ပြောသည်၊၊ သို့ပေမဲ့ တစ်ပတ်တာ ပြည့်သွားတယ် ရစ်၏ အရိပ်အယောင် ကိုလည်းမတွေ့ရသလို အဆက်အသွယ်လည်းမရှိဘဲ ပြတ်တောက်နေခဲ့သည်၊၊ ဘာတွေလုပ်နေမလဲ ဘာကြောင့် နည်းနည်းတောင်မှ အဆက်အသွယ်မလုပ်ရတာလဲ ဆိုသော မေးခွန်းတွေက ရန် ဆီမှာ အပြည့်ဖြစ်နေခဲ့သည်၊၊ တကယ်ကို ရန်အား ရစ်ကလျစ်လျူပြု နိုင်သွားတဲ့အကြောင်းတွေးမိတိုင်း ရင်ထဲတဆစ်ဆစ်နဲ့ပင်၊၊

My  Stranger   Husband   RICKWhere stories live. Discover now