36(uni)

27.8K 1.4K 295
                                    


ရစ်အိမ်တော်၏ မြေအောက်ခန်းရဲ့  အစည်းအဝေး ထိုင်ဖို့အတွက်လုပ်ထားသော အခန်းထဲ၌ လူခြောက်ယောက်က  စားပွဲခုံပတ်လည်တွင် ဝိုင်းထိုင်နေကြပြီး   တစ်ခုခုကို ဆွေးနွေးနေကြသည်၊၊  တစ်ခန်းလုံးမှာ မီးအလင်းရောင်မှိန်ပြပြအရောင်သာရှိပြီး  အနည်းငယ်မှောင်ရိပ်ကျ၏၊၊ တစ်ယောက်တစ်မျိုး ထင်မြင်ချက် အကြံအစည် တွေနဲ့ ဆွေးနွေးနေကြသည်မှာ  အချိန်တော်တော်ကြာနေခဲ့ပြီ၊၊

" ရိုင်းစက်မာန် ပြောတဲ့အတိုင်းဘဲလုပ်ကြတာပေါ့"


"ဒါဆို  တည်နေရာအတိအကျကို  ဒင်ဒင်ကိုလှမ်းမေး လိုက် မာလင် "


ဒင်ဒင်က  ခွန်းကမ္ဘာရန်နိုင်ရဲ့ လူတွေထဲ ရုပ်ဖျက်ပြီး ဖောက်ဝင်ထားသည်မို့ တည်နေရာအတိအကျကို ဒင်ဒင်ကိုမေးမှရမည်၊၊ အဆက်အသွယ် လည်းမပြတ်တာမို့  သိပ်တော့စိတ်မပူရ၊၊    လူအင်အားကလည်း 50  လောက်ဘဲရှိသည်ကို သိထားသည့်ကြောင့်  ရိုင်းတို့ဘက်က  လိုအပ်သည့်ပြင်ဆင်မှု  များကို ကြိုလုပ်လို့ရသည်၊၊ သို့ပေမဲ့  ခွန်းညီလွန်းရန် ကို ဘယ်နေရာမှာ ထားလဲဆိုတာ  အခုထိဒင်ဒင်ကမသိရသေးတာမို့   ရိုင်း ခိုးဝင်ပြီးလူကယ်ဖို့တော့ နည်းနည်းခက် နေသည်၊၊


" Boss  ဒင်ဒင်က တည်နေရာပို့ပေးလာပါပြီ၊၊  သူပို့တဲ့တည်နေရာက  ဆိပ်ကမ်း တစ်ခုမှာပါ"

"ဘာပြောသေးလဲ"


"ဒီည  12 မှာ  သင်္ဘောစထွက်လိမ့်မယ်၊ ဘယ်ဆီကိုဦးတည်နေလဲတော့မသိရဘူး၊၊ သင်္ဘောရဲ့ အောက်ဆုံးထပ်က  အခန်းမှာ အစ်ကိုလေးရန်ကို ဖမ်းထားတယ်၊၊  သင်္ဘော  ကုန်းပတ်ပတ်လည်မှာ   အစောင့်  30 လောက် ချထားတယ် အတွင်းပိုင်းမှာလည်း အစောင့်တွေ ရှိသေးတယ် ၊  သင်္ဘော အပေါ်ထပ် အခန်းက  ခွန်းကမ္ဘာရန်နိုင်နေတဲ့အခန်း၊ အရေးကြီး ဆုံးတစ်ချက်က  သင်္ဘောတစ်စီးလုံးကို ဗုံးဆင်ထားတယ်၊၊ သတိထားဖို့လိုလိမ့်မယ် "

မာလင်ဖတ်ပြသော  ဒင်ဒင်ဆီမှ ပို့လိုက်သောစာကို  အခန်းထဲမှလူတွေက ငြိမ်ပြီးနားထောင်နေကြသည်၊၊ စာဖတ်ပြလို့ပြီးတဲ့အထိ တစ်ယောက်မှ စကားမစကြ၊၊  အတော်အတန် ကြာသည်အထိ တိတ်ဆိတ်နေကြသည်၊၊ 

My  Stranger   Husband   RICKWhere stories live. Discover now