နိုးနိုးကြားကြားဖြစ်လာသောအသိစိတ်အာရုံ၊၊ အမှောင်ထဲမှာ ရက်ပေါင်းများစွာပိတ်မိပြီးနောက် ယခုတော့ အသိစိတ်တို့ပြန်လည်ကောင်းမွန်ကာပင်လွတ်မြှောက်လာခဲ့ပြီ၊၊ အလင်းရောင်ကို မက်မောစွာပင် မျက်လုံးများကို ဆက်ခနဲဖွင့်လိုက်တော့ စူးရှလွန်းတဲ့အလင်းရောင်က မြင်လွှာအတွင်းသို့ဝင်လာသည်ကြောင့် အလင်းရောင်ကိုအသားကျရန် ခဏတာပြန်၍ မျက်လုံးများကို မှေးမှိတ်လိုက်၏၊၊ ထို့နောက် စက္ကန့်ပိုင်းမျှကြာပြီးနောက်မှ မျက်လုံးများကိုအသာပြန်၍ဖွင့်ကြည့်လိုက်သည်၊၊
မရင်းနှီးသောမျက်နှာကျက်နဲ့အတူ နှာဖျားဝ၌တိုးဝှေ့ကျီစယ်နေသော ရင်းနှီးနေသယောင်ရှိ သည့်ကိုယ်သင်းရနံ့ကိုရနေသည်၊၊ အသိစိတ်တို့နိုးကြွလာပါသော်လည်း ခန္ဓာကိုယ်ကလေးလံနေသလိုရှိပြီး လှုပ်မရချေ၊၊ ထို့ကြောင့် ခေါင်းအသာထောင်၍ ကိုယ်ပေါ်၌ဘာရှိနေလဲဆိုတာ ကြည့် ကြည့်တော့ ယောက်ျား တစ်ယောက်ရဲ့ လက်မောင်းတစ်ဖက်က ဗိုက်ပေါ်သို့တင်ထားပြီး ခြေထောက်တစ်ချောင်းကလည်း ခန္ဓာကိုယ်အောက်ပိုင်းပေါ်သို့ပြစ်တင်ကာခွထား၏၊၊ ဒီအခြေအနေကြီးက ထူးဆန်းစွာပင် ရင်းနှီးနေသယောင်
ဘေးတစ်ဖက်သို့လှည့်ကြည့်မိပြန်တော့ အိပ်မောကျနေသော ခန့်ညားသည့်အမျိုးသားတစ်ယောက်ကိုတွေ့သည်၊၊ သေချာပေါက် ဒီအမျိုးသားကို အခုမှပထဆုံးတွေ့ဖူးတာဖြစ်ပေမဲ့ စိမ်းသက်မနေဘဲ ရင်းနှီးသောခံစားချက်ကိုရနေ၏၊၊ ထို့ပြင် အသိစိတ်ထဲ တွန်းထွန်းရုန်းကန်ကာဒီအခြေအနေထဲကနေ ရုန်းထွက်ဖို့စဉ်းစားနေပေမဲ့ တကယ်လက်တွေ့ခန္ဓာကိုယ်ကတော့ တစ်ချက်တောင်မှ မလှုပ်ဘဲ ငြိမ်သက်နေ၏၊၊ ထူးဆန်းသောခံစားချက်တွေနဲ့အတူ အိမ်မောကျနေသော ထိုအမျိုးသားမျက်နှာကိုကြည့်ရင်း ပါးပြင်ထက်သို့ မျက်ရည်ပူစီးကြောင်းက တဖြည်းဖြည်းလိမ့်ဆင်းလာသည်၊၊ ကိုယ်ကို တိုင်တောင် နားမလည်ဘဲ ထိုအမျိုးသားမျက်နှာကို ကြည့်မိရုံနဲ့ ငိုကြွေးမိနေသည်တဲ့၊ ဘယ်လိုတောင်ထူးဆန်းလိုက်သလဲ
ခဏလောက်ငြိမ်သက်နေပြီးနောက်မှာတော့ ထိုအမျိုးသား၏ ဖက်တွယ်မှုကြောင့် အသက်ရူမဝသလိုဖြစ်လာသည်၊၊ ထို့ကြောင့် ကိုယ်ပေါ်မှလက်နဲ့ခြေထောက်သို့ ဖယ်ခွာ၍ တစ်ခြားဘက်သို့ ပို့လိုက်သည်၊၊ထို့နောက် ကုတင်ပေါ်၌ ထထိုင်လိုက်ပြီး အောက်ဆင်းကာလမ်းလျှောက်ဖို့လုပ်တော့ ခြေထောက်တွေကအားမရှိစွာနဲ့အနည်းငယ်ခွေယိုင်ချင်နေ၏၊၊