ရစ်အိမ်တော်၏ မြေအောက်ခန်းရဲ့ အစည်းအဝေး ထိုင်ဖို့အတွက်လုပ်ထားသော အခန်းထဲ၌ လူခြောက်ယောက်က စားပွဲခုံပတ်လည်တွင် ဝိုင်းထိုင်နေကြပြီး တစ်ခုခုကို ဆွေးနွေးနေကြသည်၊၊ တစ်ခန်းလုံးမှာ မီးအလင်းရောင်မှိန်ပြပြအရောင်သာရှိပြီး အနည်းငယ်မှောင်ရိပ်ကျ၏၊၊ တစ်ယောက်တစ်မျိုး ထင်မြင်ချက် အကြံအစည် တွေနဲ့ ဆွေးနွေးနေကြသည်မှာ အချိန်တော်တော်ကြာနေခဲ့ပြီ၊၊" ရိုင်းစက်မာန် ပြောတဲ့အတိုင်းဘဲလုပ်ကြတာပေါ့"
"ဒါဆို တည်နေရာအတိအကျကို ဒင်ဒင်ကိုလှမ်းမေး လိုက် မာလင် "
ဒင်ဒင်က ခွန်းကမ္ဘာရန်နိုင်ရဲ့ လူတွေထဲ ရုပ်ဖျက်ပြီး ဖောက်ဝင်ထားသည်မို့ တည်နေရာအတိအကျကို ဒင်ဒင်ကိုမေးမှရမည်၊၊ အဆက်အသွယ် လည်းမပြတ်တာမို့ သိပ်တော့စိတ်မပူရ၊၊ လူအင်အားကလည်း 50 လောက်ဘဲရှိသည်ကို သိထားသည့်ကြောင့် ရိုင်းတို့ဘက်က လိုအပ်သည့်ပြင်ဆင်မှု များကို ကြိုလုပ်လို့ရသည်၊၊ သို့ပေမဲ့ ခွန်းညီလွန်းရန် ကို ဘယ်နေရာမှာ ထားလဲဆိုတာ အခုထိဒင်ဒင်ကမသိရသေးတာမို့ ရိုင်း ခိုးဝင်ပြီးလူကယ်ဖို့တော့ နည်းနည်းခက် နေသည်၊၊
" Boss ဒင်ဒင်က တည်နေရာပို့ပေးလာပါပြီ၊၊ သူပို့တဲ့တည်နေရာက ဆိပ်ကမ်း တစ်ခုမှာပါ"
"ဘာပြောသေးလဲ"
"ဒီည 12 မှာ သင်္ဘောစထွက်လိမ့်မယ်၊ ဘယ်ဆီကိုဦးတည်နေလဲတော့မသိရဘူး၊၊ သင်္ဘောရဲ့ အောက်ဆုံးထပ်က အခန်းမှာ အစ်ကိုလေးရန်ကို ဖမ်းထားတယ်၊၊ သင်္ဘော ကုန်းပတ်ပတ်လည်မှာ အစောင့် 30 လောက် ချထားတယ် အတွင်းပိုင်းမှာလည်း အစောင့်တွေ ရှိသေးတယ် ၊ သင်္ဘော အပေါ်ထပ် အခန်းက ခွန်းကမ္ဘာရန်နိုင်နေတဲ့အခန်း၊ အရေးကြီး ဆုံးတစ်ချက်က သင်္ဘောတစ်စီးလုံးကို ဗုံးဆင်ထားတယ်၊၊ သတိထားဖို့လိုလိမ့်မယ် "
မာလင်ဖတ်ပြသော ဒင်ဒင်ဆီမှ ပို့လိုက်သောစာကို အခန်းထဲမှလူတွေက ငြိမ်ပြီးနားထောင်နေကြသည်၊၊ စာဖတ်ပြလို့ပြီးတဲ့အထိ တစ်ယောက်မှ စကားမစကြ၊၊ အတော်အတန် ကြာသည်အထိ တိတ်ဆိတ်နေကြသည်၊၊