21 (Uni )

35K 1.6K 289
                                    


Uni

ရွာအပြင်ဘက်ရှိ  စပါးရိတ်သိမ်းပြီး၍ ရှင်းလင်းနေသော လယ်ကွင်းပြင်ထက်သို့  ရဟတ်ယာဉ် တစ်စီးက အရှိန်ဖြည်းဖြည်းဖြင့် ဆင်းသက်လာသည်၊၊ထို့နောက် ထိုရဟတ်ပေါ်မှ  အထုတ်အပိုးတွေအပြည့်သယ်ထားသော လူငယ်တစ်ယောက်ဆင်းလာ၏၊၊  ထိုလူငယ် ဝတ်ထားသောပုံစံက  အပေါ်ရှပ် အင်္ကျီ အပွတစ်ထည်နှင့်အောက်က ဘောင်ဘီတိုတစ်ထည်ဖြစ်ပြီး ဖိနပ်ကတော့  အိမ်နေစီးသည့် အကြမ်းဖိနပ်ဖြစ်သည်၊၊  ထို့သို့သော ဝတ်ပုံစားပုံနဲ့အပြင် အထုတ်အပိုးတွေကလည်းမနိုင်မနင်းနဲ့သယ်ထားတာမို့ ထိုလူငယ်၏ ပုံစံမှာ အနည်းငယ် ကိုးယိုကားယားနိုင်လှသည်၊၊


လယ်ကွင်းပြင်ထက်သို့ ဖြတ်ပြေးလာသော လေပူတွေက   ရန်မျက်နှာထက်သို့ ကြမ်းတမ်းစွာပွတ်တိုက်သွားလေတော့  အသက်ရှူတောင် ကျပ်ချင်သလိုဖြစ်သွားရသည်၊၊  နေ့လယ်နေ့ခင်း အချိန်က အလွန်ပူပြင်းသည့်ကြောင့်   တိုက်ခတ်နေသော လေကြမ်းတွေထဲမှာလည်းလေပူငွေ့တွေရောပါနေ၏၊၊  ပူပြင်းလွန်းသော နေကြောင့်  လယ်ကွင်း၏မြေပြင်ထက် ခြေချလိုက်ရုံနဲ့တင် ရန် နှဖူးမှ ချွေးတွေတောင် အောက်သို့စီးကျမတတ်ဖြစ်လာရသည်၊၊ ထို့ပြင် ဟင်းလင်းပြင် ထဲ အထုတ်အပိုးတွေနဲ့ ရပ်နေတဲ့လူက ရန်တစ်ယောက်ထဲသာရှိသည်၊၊  ရန် မြေပြင်ပေါ်သို့ရောက်တော့  ရဟတ်ယာဉ် က ပြန်လည်မောင်းထွက်သွားတာဖြစ်သည်၊၊ထို့ကြောင့်  ရန်တစ်ယောက်ထဲကသာ   ဒီလူရှင်းနေသော လယ်ကွင်းပြင်၌  ရပ်လျက်ရှိနေ၏၊၊




ဒီရွာက နေ့လယ်ချိန်တိုင်း  လူမပြောနဲ့ တိရစ္ဆာန် တစ်ကောင်တောင် လမ်းမ နဲ့ လယ်ကွင်းတွေမှမတွေ့ရ၊၊ ဒါကလည်း   ပူပြင်းလွန်းတဲ့ နေ့လယ်အချိန်ကြောင့်ဖြစ်၏၊၊  အရင်ရက်တွေက  အမေရိက၌ လိုအပ်သော ကုသမှုတွေနဲ့အတူ ဖန်ပြွန်ထည့်ခြင်းကို  ရန် လုပ်ဆောင်ခဲ့ပြီးပြီးဖြစ်သည်၊၊ အစကတော့ သုံးလေးရက်လောက်ထဲနဲ့ ပြီးသွားမယ်ထင်ခဲ့ပေမဲ့   အမေရိကမှာဘဲ တစ်ပတ်ကျော်လောက်ကြာသွားခဲ့သည်၊၊ ထို့ကြောင့် ပြောထားတဲ့ရက်ထက်ကျော်လွန်သွားတာကြောင့် ရစ်က  စိတ်ဆိုးသွားလေပြီ၊၊ လွန်ခဲ့တဲ့ နှစ်ရက်  ဖုန်းနောက်ဆုံးဆက်တုန်းက ရန် နဲ့ ရစ်စကားများခဲ့ကြသေးသည်၊၊  အကြောင်းမှာတော့   ကိစ္စတွေပြီးတာတောင်ပြန်မလာသေးဘဲ လျှောက်လည်နေတာလားဟု  စွပ်စွဲလာသော ရစ်ကြောင့်ပင်ဖြစ်သည်၊၊



My  Stranger   Husband   RICKWhere stories live. Discover now