" နောက်ထပ် သတင်းဆိုးတစ်ခုက အမွှာလေး နှစ် ယောက် ထဲမှာမှ အကြီးကောင်လေးက မွေးဖွားပြီးသိပ်မကြာခင်မှာဘဲ ရုတ်တရက် နှလုံးရပ်သွားလို့ ကျွန်မတို့ အစွမ်းကုန်ပြန်လည်ကုသနေပါတယ်၊၊ နောက်ပြီး ဗိုက်ခွဲမွေးထားတဲ့ အမျိုးသားကလည်း အသက် အန္တရာယ် စိုးရိမ်နေရတဲ့အခြေ အနေထဲကို ကျရောက်နေပါတယ် ရှင့်"
မျက်နှာမကောင်းစွာဆိုလာတဲ့ ဆရာမ၏ စကားအဆုံး၌ ဗာရစ် ကိုယ်ခြေထောက်တွေကို မခွေယိုင်သွားအောင်မနည်းထိန်းထားရသည်၊၊ ပူပြင်းလာသော ရင်နှင့်စိုးရိမ်စိတ်တွေကလည်း အလုံးအရင်းနဲ့ပင်ရောထွေးလာသည်၊၊ ဦးနှောက်ထဲဗလာကျင်းနေပြီး ရုတ်တရက် ဘာမှကို ခံစားလို့မရတော့သလို ဖြစ်လာသည်၊၊
"ဆရာမလေး သေချာပေါက် ကလေးရော ကလေးအဖေကိုရော အသက်ရှင်အောင် အတတ်နိုင်ဆုံး ကယ်တင်ပေးပါ"
"ဟုတ်ကဲ့ပါရှင့် ၊၊ကျွန်မတို့အကောင်းဆုံးကြိုးစားပါ့မယ်"
ဆရာမလေး ထွက်သွားပြီး နောက် သားရစ် ဘက်သို့ နှောင်းရစ် လှည့်ကြည့်လိုက်သည်၊၊ အစကတော့ နှောင်းရစ်ဘေးမှာ ရပ်နေပေမဲ့ အခုတော့ အရင်ထိုင်နေခဲ့သောခုံ၌ သားရစ်က ပြန်ထိုင်နေခဲ့ပြီး ခေါင်းကိုငုံ့ချထားသည်၊၊ ဒီကောင်လေးလည်း ခိုးငိုတတ်နေပြီ
"သားရစ် ရန်လေးတို့သားအဖတွေ အဆင်ပြေသွားမှာပါ ၊၊ တအားကြီးစိုးရိမ်မနေပါနဲ့"
သားရစ် ပခုံးကို အသာပုတ်ပေးလျက် နှောင်းရစ် နှစ်သိမ့်စကားဆိုတော့ ဘာမှပြန်ဖြေမလာပေမဲ့ ခေါင်းညိတ်ပြသည်၊၊ အခြေအနေတွေက ဘာမှန်းမသိသေးတာမို့ နှောင်းရစ်လည်း အတော်လေးကို ရင်ပူနေသည်၊၊ အမွှာလေးမွေးလို့ ပျော်ရပေမဲ့ ကလေးအကြီးနဲ့ ရန်လေးက အသက်အန္တရာယ်ရှိနေတယ်ဆိုတော့ အပျော်က ကြာကြာမခံလိုက်ပါ၊၊ ဆရာမလေးကို အမွှာက ယောကျ်ား လေးလား မိန်းကလေး လား ဆိုတာ မေးဖို့တောင်နှောင်းရစ် မေ့သွားခဲ့သည်၊၊
တီ တီ......
ဘောင်းဘီအိတ်ကပ်ထဲမှ လာနေသော ဖုန်းကိုဗာရစ် ထုတ်ယူပြီးကြည့်လိုက်တော့ ခါ်ဆိုသူက ရိုင်းစက်မာန် ဖြစ်နေလေသည်၊၊ အစကတော့ မကိုင်ဘူးလို့ စဥ်းစားလိုက်ပေမဲ့ ဒီနေ့ အစည်းအဝေးရှိနေသေးတာကို သတိရမိတာကြောင့် ရိုင်းစက်မာန်၏ ခေါ်ဆိုမှု ကို ဗာရစ် ပြန်ဖြေရမည်