12

39.3K 2K 227
                                    

Uni

တီ  ..တီ.. ( phone ringing  )

စားပွဲပေါ်တင်ထားသော ဖုန်းမှ အသံမြည်လာသည်ကြောင့် ရန်နိုင် လုပ်လက်စဖြစ်နေသော အလုပ်တို့ကိုခဏရပ်လျက် ဖုန်းကိုယူကြည့်လိုက်သည်၊၊  ခေါ်ဆိုသူက ရွှန်းလဲ့ဝေဆာ ဆိုသော မိန်းကလေးဖြစ်နေ၏၊၊

"ပြောလေကလေး"

"ရှင်ခိုင်းထားတဲ့ကိစ္စ အောင်မြင်သွားပြီနော်၊၊ အဲ့တာ အခု  ပိုက်ဆံလွဲပေးလိုက်"

"ဟုတ်ပါပြီး ဦးလွဲပေးလိုက်မယ်  ၊၊ ဒါနဲ့ခွန်းညီလွန်းရန်  အခြေအနေကိုလည်း စောင့်ကြည့်ပေးထားအုံး"

ဖုန်းချသွားသည်ကြောင့် တစ်ဖက်မှ ပြန်ဖြေသံမလာတော့၊၊   ပြီးခဲ့တဲ့ ဆယ်စုနှစ်က ကိစ္စကို ပြန်အစဖော်ဖို့  ရစ်အိမ်တော်က  လုပ်နေသည်ဟု  သတင်းရတာကြောင့်   ရန်နိုင်  သတင်းစုံစမ်းတဲ့လူနှစ်ယောက်ကို အပြတ်ရှင်းခိုင်းခဲ့သည်၊၊  ကိုယ်ကိုတိုင်တော့ဝင်ပါစရာမလို အသုံးချခံလေး ရွှန်းလဲ့ဝေဆာ ဆိုတဲ့ဟာမလေးရှိနေတာကြောင့်ဖြစ်သည်၊၊ အဲ့ဟာမလေးက  ပိုက်ဆံသာမက်တာ အလုပ်လုပ်တာတော့  တော်တော်အားကိုးရသည်၊၊

"မင်းသန့်"

"ရှိပါတယ် သူဌေး"

အလုပ်ခန်းရဲ့  ထောင့်ဘက်က စားပွဲ၌ အလုပ် လုပ်နေတဲ့ မင်းသန့်က  ရန်နိုင်အခေါ်ကို ထူးလျက် အနားသို့ရောက်လာသည်၊၊   ကုမ္ပဏီ ရဲ့ ရန်နိုင် အခန်းကကျယ်သည်မို့    စားပွဲခုံနောက်တစ်လုံးထပ်တိုးကာဖြင့် မင်းသန့်ကို  ရန်နိုင် အလုပ်ခန်းထဲ ခေါ်ထည့်ထားခဲ့သည်၊၊ဒါမှလည်းအလုပ်ကိစ္စပြောရဆိုရတာ ပိုလွယ်ကူမှာလေ
 

"ရစ်အိမ်တော်အကြောင်းစုံစမ်းတာ သတင်းဘယ်လိုရှိလဲ"

"အခုတလော  လုံခြုံရေးတွေ တိုးမြှင့်ထားတယ်၊၊  အိမ်အနားကပ်ပြီး ကျွန်တော်တို့ လူတွေ စောင့်ကြည့်လို့မရဘူး၊၊ နောက်ပြီး  မြေအောက်လောကနဲ့ ရစ်အိမ်တော်က ဆက်ဆံမှုမရှိဘူး၊၊ ကျွန်တော် ပြောချင်တာက   ရစ်အိမ်တော်ရဲ့လုပ်ငန်း တွေ က  ဥပဒေဘောင်တွင်းကဘဲ   ဥပဒေအပြင်ဘက်က လုပ်ငန်းတစ်ခုမှ မရှိဘူး၊၊  နိုင်ငံအနှံ့ ရစ်အိမ်တော်ရဲ့ စီးပွားရေ ရင်းနှီးမြှုပ်နှံ မှုတွေရှိတယ်၊၊  ရစ်အိမ်တော်ရဲ့ အမွေအားလုံးဆက်ခံမဲ့သူက မာဗာရစ်ဘဲ ၊၊  အခု မာဗင်ရစ်ရဲ့ လုပ်ငန်းတွေအကုန်က အခုသူစီမှာ အမွေ  တစ်ဝက်လောက်ဘဲ  မာဗာရစ်ဆီမရောက်သေးတာ  ၊၊နောက်ပြီး ခွန်းညီလွန်းရန်  က အခု မာဗာရစ် လက်ထဲမှာပါ "

My  Stranger   Husband   RICKWhere stories live. Discover now