Uni
အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာပုံများ နှစ်ပတ် ဆိုသော အချိန်တောင်ခဏလေးအတွင်းပြီးဆုံးသွားခဲ့သည်၊၊ ဒီနှစ်ပတ်အတွင်း ဗာရစ် ကုမ္ပဏီ ကို မသွားဖြစ်ဘဲ ဆေးရုံကနေဘဲ အလုပ်တွေ လုပ်နေခဲ့သည်၊၊ ခွန်းညီလွန်းရန် ကတော့ အခုထက်ထိ နိုးမလာသေး၊၊ အချိန်ကြာလာတာနဲ့မျှ ခွန်းညီလွန်းရန် ကိုမာဝင်သွားမှာကို ဗာရစ် စိတိပူနေမိသည်၊၊ကိုမာ ဝင်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုမဟုတ်၊၊ ဒီရက်ပိုင်းအတွင်းတော့ ခွန်းညီလွန်းရန် သတိပြန်မလည်လာရင် နိုင်ငံခြားဆေးရုံသို့ ပြောင်းရွှေ့ဖို့ကို ဗာရစ် စီစဥ်ထားသည်၊၊
" အားး ဟင့်အင့် !!"
ရုတ်တရက် ဆေးရုံကုတင်ပေါ်က ခွန်းညီလွန်းရန် က အော်ငိုလာကာ ရုန်းကန်လာလျှင် ဗာရစ် အမြန်ထိုင်နေရာမှ ထကာ ကုတင်နားဆီသို့ အမြန်သွားမိတော့သည်၊၊
" လွန်းရန်... လွန်းရန် သတိကပ်စမ်း၊၊ အခု ခင်ဗျားနားမှာ ကျုပ်ရှိနေတယ်! "
" ...... "
" လွန်းရန် ကျုပ်ကိုကြည့်စမ်း၊၊ အခု ခင်ဗျားဘာမှမဖြစ်တော့ဘူး ကျုပ်ရှိနေပြီ !! "
တွန်းထိုးရုန်းကန်နေသော ကိုယ်လေးကို ဗာရစ် ရင်ခွင်ထဲသို့ ဆွဲသွင်းကာပင် စကားတွေပြောနေမိတော့သည်၊၊ ပိန်ကျသွားသော ခန္ဓာကိုယ် ခပ်ပါးပါးက ဗာရစ် ရင်ခွင်ထဲ၌ တုန်ရီနေသည်၊၊ တဟင့်ဟင့်နဲ့ငိုနေတဲ့လူက ဗာရစ် အင်္ကျီ ခါးစကိုကျစ်ကျစ်ပါအောင်ဆွဲဆုတ်ထားသေး၏၊၊
" လွန်းရန် ကျုပ်ရှိနေပြီ မကြောက်နဲ့တော့နော် "
" မာဗာရစ် အင့် အီးးး ဘာလို့ နောက်ကျနေတာလဲ၊၊ ဘာလို့ ငါကို အင့်ဟင့် လာမခေါ်တာလဲ ဟင့်ဟင့်..!! "
" ကျုပ်မှားတာပါ၊၊ ကျုပ်ခင်ဗျားကို ထားခဲ့မိတယ်၊၊ ကျုပ်တောင်းပန်ပါတယ် ကွာ "
" ..... "
" မငိုပါနဲ့တော့ခင်ဗျားရာ ၊၊ မျက်လုံးတွေ နာနေပါအုံးမယ် "