43(uni)

32.1K 1.4K 291
                                    

"ကိုကို "


တိုးညှင်းစွာထွက်လာတဲ့ အသံဖျော့ဖျော့က ဝမ်းနည်းကြွေကွဲမှုတို့ စွတ်ထင်နေသည်၊၊  အခေါ်အဝေါ် နာမ်စားလေးတစ်ခုနောက် ကပ်လိုက်လာတဲ့ရှိုက်သံတွေက  တစ်ခန်းလုံးကို ပျံ့နှံ့ လျက်ရှိသည်၊၊   ကုတင်ဖြူပေါ်၌ အောက်စီဂျင်ပိုက်တန်းလန်းတပ်ထားသည့်အပြင်  သွေးကြောစိမ်းတွေရှိသည် လက်ဖျံပေါ်၌လည်း ဆေးအပ်တွေချိတ်ထားရသည့် မင်းသန့်ကိုကြည့်ရင်း ရွန် ငိုချမိပြန်သည်၊၊  ဒီနေ့နဲ့ဆို မင်းသန့်   နိုးမထလာသည်မှာ  7နှစ်နီးပါး ရှိလာပြီဖြစ်သည်၊၊


ပျော်ရွှင်ခဲ့ဖူးတဲ့အချိန်နေ့ရက်တွေက  အနည်းငယ်ဆိုသော်ငြား အမှတ်တရတွေကတော့ ဒုနဲ့ဒေး ကိုရှိသည်၊၊  လွမ်းဆွတ်လာတိုင်း အတိတ်ကပြီးခဲ့တဲ့အကြောင်းအရာများကိုပြန်တွေးရင်း ကွဲကြေပြီးသားနှလုံးအိမ်ဟာ  ထပ်၍ပင် အကြိမ်ကြိမ်ကြေမွစွာ ကွဲကြေရပြန်သည်၊၊ မင်းသန့်ရှိစဥ်က  ကိုကိုဆိုသော နာမ်စားကို   ရွန်ကခေါ်လိုက်တိုင်း  နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေလေ့ရှိပြီး   ရွန်ကိုလည်း ခဏခဏ ကိုကို ဟုသော နာမ်စားကို ခေါ် ခိုင်းလေ့  သည်၊၊ 

"ကိုကို ကျွန်တော်ကို ဘယ်ချိန်ထိ  ပြစ်ထားနေမှာလဲ"


မျက်လုံးအိမ်တွေ မမြင်ရတော့တဲ့အထိ  ပြုံးတတ်တဲ့  ကိုကို၏ အပြုံးတွေကို လွမ်းသည်၊၊  အမြဲလိုလိုထွေးပွေ့ပေးတတ်တဲ့ ရင်ခွင်နွေးနွေးနှင့်  နွေးထွေးသော အနမ်းတွေအပြင်   သခွားမွှေးနံ့အမြဲရနေသော ကိုယ်သင်းရနံ့ကိုလည်း လွမ်းသည်၊၊  အလွမ်းတွေက စုပြုံလို့ နစ်နဲစွာပင်  နာကျင်မှုကို ဖြစ်ပေါ်လာစေပြီး အသက်ရှူကျပ် မတတ်အထိကို ငိုချမိလာသည်အထိဖြစ်စေသည်၊၊   ကိုကို ဟာ သိပ်ကိုရက်စက်သည်၊၊ ဒီလောကထဲမှာ  အဖော်မဲ့ပြီးဝမ်းနည်းကြေကွဲမှုတွေနဲ့အတူ ရွန် ကို တစ်ယောက်ထဲ ထားခဲ့ရက်သည်၊၊

"7  နှစ်တောင်ပြည့်တော့မယ်လေဗျာ  ၊ ကိုကိုက ဘာလို့မနိုးလာသေးတာလဲ"


စကားလုံးတွေက ရှိုက်သံတွေ  နဲ့အတူ ရောယှက်နေပြီး   စကားလုံးတိုင်းက မသဲမကွဲစွာ၊၊ရွန်ကသာ   စကားတွေ ပြောနေပေမဲ့ ပြန်ဖြေသူကတော့မဲ့နေခဲ့သည်၊၊  ရွန် ဒီလိုမျိုး တစ်ယောက်ထဲ စကားတွေပြောနေရပြီး ပြန်ဖြေသူမဲ့နေသည့်အချိန်တွေက    နည်းနည်းနောနော မဟုတ်တော့၊၊   တွေးမိလိုက်တိုင်း စို့နစ်ကြေကွဲလာရသလို   ကိုကိုအကြောင်း တစ်ရက်လေးတောင်မျှမတွေးမိဘဲမနေနိုင်၊၊

My  Stranger   Husband   RICKWhere stories live. Discover now