11

42.7K 1.8K 87
                                    

Uni

လည်ပင်းနဲ့ ရင်ညွန့် တစ်လျှောက်   တစ်ခုခုက တစ်ရွရွနဲ့   ပွတ်သက်နေသည့်အပြင်  စုပ်ကိုက်နေသလိုပါ  ခံစားနေရသည်၊၊   အိပ်ချင်မူးတူးဖြစ်နေသည့်ကြောင့်   လက်တွေ့လိုလို အိမ်မက်ထဲမှာလိုလိုနဲ့   ရန်   အခုလက်ရှိကို မဝေခွဲတတ်၊၊    မျက်လုံးတို့ကို   အသာဖွင့်ကြည့်ပါသော်လည်း  အမြင်တွေကဝေဝါးစွာနဲ့ပင်ဖြစ်ပြီး ရှင်းရှင်း လင်းလင်းမမြင်ရ၊၊ ရန်  မျက်လုံးတို့ကို  မှိတ်လိုက်ဖွင့်လိုက်နဲ့ အကြိမ်ရေ အနည်းငယ်လောက် လုပ်ပြီးချိန်မှာတော့ အမြင်အာရုံကို  ပြန်ရလေပြီ၊၊

အမြင်အာရုံက  ရှင်းလင်းသွားချိန်မှာတော့  မြင်လိုက်ရတာက    ရန် အပေါ်တတ်ခွလျက်  လည်ပင်းနဲ့ ရင်ညွန့် တွေကို  စုပ်နမ်းနေတဲ့ မာဗာရစ်ကိုဖြစ်သည်၊၊  ထို့တော့မှ ရန် အသိအလုံးစုံဝင်ကာ   ခန္ဓာကိုယ် ပေါ်သို့တတ်ဖိထားတဲ့လူကို  တွန်းထိုး ရုန်းကန်မိတော့သည်၊၊   ဘယ်ချိန်ထဲကမှန်းမသိပေမဲ့ အခုချိန်မှာတော့ ရန်ရော  မာဗာရစ်  နှစ်ယောက်လုံးက  မိမွေးတိုင်းဖမွေးတိုင်း သာ၊၊တစ်ယောက်မှ အဝတ်မရှိကျ၊၊  ရန် ရုန်းကန်တော့  လည်ပင်းနဲ့ ရင်ညွန့် တွကို ငုံ့နမ်းနေတဲ့ မာဗာရစ်ရဲ့ ခေါင်းက  မော့လာပြီး ရန်ကို ကြည့်လာသည်၊၊  စူးရှရှ အကြည့်တွေထဲမှာ မှုန်ရီမှိုင်းဝေ့နေသော  ရီဝေဝေအကြည့်များလည်းပါသည်၊၊   ပုံမှန်လိုမဟုတ်ဘဲ  မာဗာရစ် ခန္ဓာကိုယ် ရဲ့ အပူချိန်ပြင်းမှုက  နီးကပ်နေသော အနေအထားကြောင့် ရန်တောင် ခံစားနေရသည်၊၊  အသက်ရူသံခပ်ပြင်းပြင်းနဲ့အတူ လည်ပင်းကျောတွေပါ ထောင်တတ်နေတဲ့အထိ   မာဗာရစ် က  တစ်ခုခုကို  တင်းခံထားပုံပင်၊၊

"  မင်း  ငါအပေါ်က  ဖယ်ပေး ၊၊ ငါပြောတာကြားလား   ငါအပေါ်က ဖယ်လို့ မာဗာရစ်   !"

"ကျုပ်ကို   .... ကျုပ်ကို မတွန်းထုတ်ပါနဲ့ "

နားရွက်ဖျားနားသို့  ကပ်ကာ  ခပ်တိုးတိုးပြောလာတဲ့စကားကြောင့်  ရန် ရုန်းကန်နေသောအခြေအနေကနေ ရုတ်ချည်းရပ်တန့်သွားရသည်၊၊  မူမမှန်ဘူး၊၊ မာဗာရစ် တစ်ခုခုဖြစ်နေတာသေချာတယ်၊၊  လုံးဝကို  မူမမှန်ဘူး

My  Stranger   Husband   RICKWhere stories live. Discover now