15

41.7K 1.7K 57
                                    

Uni

ဒေါက်  ဒေါက်  !!

ကားမှန်ခေါက်သံ တဒေါက်ဒေါက်ကြောင့်   ရွန်မှေးကနဲအိပ်ပျော်နေရာကနေ  လန့်နိုးလာခဲ့သည်၊၊  ဘယ်သူများခေါက်နေလဲဆိုပြီး  ကြည့်မိတော့  အစ်ကိုရစ်ဖြစ်နေလေသည်၊၊  မျက်မှောင်ကြုတ်ပြီး ခါးထောက်ကာ  စိတ်မရှည်သလိုပုံစံမျိုးနဲ့  အစ်ကိုရစ်က  ကားမှန်ရှေ့ရပ်ကာ     ကြည့်နေ၏၊၊  ကားအတွင်းပိုင်းကို အပြင်ဘက်ကကြည့်ရင်မမြင်ရတာကြောင့် ရွန်နိုးလာတာကို အပြင်ကအကိုရစ်ကမသိ၊၊  ရွန်မအိပ်ခင်က  ကားတံခါးအကုန်လုံးကို လော့ချလိုက်တာမို့ အခု အစ်ကိုရစ်က ကားထဲကို ဝင်မရဖြစ်နေသည်၊၊ ထို့ကြောင့်လည်း စိတ်မရှည်တဲ့မျက်နှာမျိုးဖြစ်နေတာဖြစ်သည်၊၊

ရွန် အမြင်ကပ်ကပ်နဲ့  နာရီဝက်လောက်ထိ  ကားမှန်တံခါးကိုမချဘဲ အထဲ၌ အသာငြိမ်ပြီးနေရန်  ဆုံးဖြတ် ပြီး အစ်ကိုရစ်ဘာလုပ်မလဲဟု စောင့်ကြည့်နေလိုက်သည်၊၊  ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ပြီးတစ်ခုခုရှာနေတဲ့ အစ်ကိုရစ်က  မိနစ်ပိုင်းလောက် အကြာ  ကားဘေးက  လယ်ကွင်းပြင်ဘက်သို့   ထွက်သွားတာတွေ့ရသည်၊၊ ထို့နောက်  ဝါးလုံးတုတ် တစ်ချောင်း ကိုင်လာပြီး ကားဘက်သို့ပြန်လျှောက်လာ၏၊၊  ထို့တော့မှ  ရွန် ကားမှန်တံခါးကိုအမြန်ချပြီးတားရတော့သည်၊၊ မဟုတ်လျှင် ကားမှန်က အစ်ကိုရစ်လက်ချက်ကြောင့်  ကွဲနိုင်ချေရှိသည်၊၊

"အစ်ကိုရစ် အဲ့တာ ဘာလုပ်မလို့လဲ"

" မှန်ရိုက်ခွဲမလို့"

"ရတယ် မလိုတော့ဘူး၊၊ လာ လာ ကားထဲဝင်လို့ရပြီ "

ရွန်ပြောတော့မှ  လက်ထဲက ကိုင်ထားသော ဝါးလုံးတုတ်ကိုချကာ ကားနောက်ခန်းသို့ဝင်လာသည်၊၊ ထို့နောက်   ကားထဲ၌အမြဲထည့်ထားလေ့ရှိသော  ကွန်ပြူတာကိုယူဖွင့်ပြီး အစ်ကိုရစ်က တတောက်တောက်နဲ့နှိပ်၏၊၊

"မနေ့က ဘာလို့ ဒါလီယာ လိုက်မလာတာလဲ"

"မေနှောင်းက ဒီနေ့ အမေရိက သွားမှာမလား ၊၊ ကကျန်ခဲ့ပြီးတော့ အလွမ်းသယ်ကြတာနေမှာပေါ့ "

"ပြန်အဆင်ပြေသွားတာလား"

"နှစ်ပတ်လောက်တောင်ရှိပြီ"

My  Stranger   Husband   RICKWhere stories live. Discover now