လေးလ ကြာပြီးနောက်....
တိုးဝှေ့ ညင်သာ စွာတိုက်ခတ်နေသော လေပြည်ကြောင့် နေ၏ အပူဒဏ်ကရော့ပါးပြီးအနည်းငယ် နေရထိုင်ရတာ ကောင်းမွန်၏၊၊ ပတ်ပတ်လည်မှာ ထီးထီးမားမား ရှိနေသော သစ်ပင်ကြီးတွေကြောင့်လည်း လတ်ဆတ် သော လေပြည်လေညှင်းကို ရရှိတာဖြစ်မည်၊၊ တိတ်ဆိတ်ပြီး လူသူအရောက်အပေါက်နည်းသော ဒီ သင်္ချိုင်း မြေကို ထပ်၍ ရန်ရောက်လာခဲ့ပြန်သည်၊၊ ဒီသင်္ချိုင်းမြေက တစ်ခြားသူတွေအဖို့ အေးစက်ပြီး ကြောက်စရာကောင်းလောက်တယ်ဆိုပေနဲ့ ရန်အတွက်ကတော့ မောင် ရှိတယ်ဆိုသော အတွေးနဲ့တင် နွေးထွေးရ၏၊၊
" မောင် ဒီနေ့လည်း ငါမင်းဆီကို ရောက်လာခဲ့ပြန်ပြီ၊ နေ့တိုင်းလာနေတော့ မောင်စိတ်မဆိုးလောက်ပါဘူးနော်"
နေ့စဉ်ရက်ဆက် ဒီအုတ်ဂူပြာလေးဘေးမှာဘဲ တစ်နေ့တာ၏ အချိန်ထပ်ဝက်လောက်ကို ကုန်ဆုံးဖြစ်သည်၊၊ လွန်ခဲ့တဲ့ လေးလက ညနေဘက် ဒီနေကို ရန်လာတော့ မိုးမိပြီး ဖျားသွားသည့်မှာ နှစ်ပတ်လောက်တောင်ရှိခဲ့သည်၊၊ အဲ့ဒီအချိန်မှ စ၍ ဒီနေရာကို ရန်ညနေဘက်လာခွင့်မရတော့ပေ၊၊ မနက်ပိုင်းအချိန်နဲ့ နေ့လယ်လောက်သာ ရန်ဒီနေရာကို လာခွင့်ရသည်၊၊ ဘာကြောင့်ဆို မေနှောင်းက အဲ့ဒီမိုးသည်းထန်တဲ့နေ့က အဖြစ်အပျက် ပြီးထဲက ညနေဘက်ဒီကိုလာဖို့ တားမြစ်လိုက်တာဖြစ်သည်၊၊
"ဒီနေ့ ရာသီဥတု သာယာတယ်နော် မောင် "
" ဘယ်နေရာရောက်နေမယ် မှန်းမသိပေမဲ့ ရောက်တဲ့နေရာမှာ မောင်အဆင်ပြေဖို့ ငါဆုတောင်းပါတယ်"
လေပြည်ညှင်းတွေက မျက်နှာပေါ်သို့ဖြတ်သန်းတိုက်ခတ်လေတော့ ရန် ခေါင်းကိုတောင်အသာမော့ထားလိုက်မိသည်၊၊ လတ်ဆတ် တဲ့လေညှင်း ကို ခံစားရတာက တစ်မျိုးတစ်ဖုံနဲ့ နေလို့ကောင်းသည်၊၊ ထို့နောက် မောင် အုတ်ဂူပြာလေးဘေးနား၌ ဒင်ဒင်ယူလာပေးသော ခုံပေါ်သို့ ရန် တဖြည်းဖြည်းထိုင်လိုက်သည်၊၊9 လဖြစ်နေသော ဗိုက်ကြောင့် ခန္ဓာကိုယ်သည် လေးလံနေပြီး ရန်လှုပ်ရှားမှုတွေက နှေးကွေး နေသည်၊၊ ဗိုက်ထဲက ကလေးက တော်တော် လေး ထွားလာသည်ထင်၏၊၊ ရန် ကောင်းကောင်းလမ်းလျှောက်ဖို့တောင် မနည်းအားထုတ်နေရသည်၊၊