နေစောင်းခါနီးမြို့ပြရဲ့ ရူခင်းက ရှုပ်ယှက်ခတ် အောင်သွားလာနေသော ကားများနဲ့အတူ အထပ်မြင့်တိုက်များနဲ့ပင် တစ်မျိုးတစ်ဖုံအသက်ဝင်လှပ၏၊၊ ကုမ္ပဏီ ၏ အပေါ်ဆုံးထပ် ကိုင်ပိုင်အလုပ်ခန်းထဲမှ ဗာရစ် အပြင်ဘက်နေစောင်းနေသည်ကို ရပ်ကြည့်နေသည်မှာ တဖြည်းဖြည်းနဲ့ အချိန်တွေ ကြာလာခဲ့ပြိဖြစ်သည်၊၊ တိုက်အောက်ဘက် ကားလမ်းမကျယ်၌ သွားလာနေသော ရောင်စုံကားများနဲ့လူ များကို အပေါ်စီးမှ စီး၍ ကြည့်နေရလေတော့ ကားများနဲ့လူများက သေးသေးလေးတွေအဖြစ်နဲ့ ရှိ၏၊၊
ရန်ကုန်ကို ဗာရစ် ပြန်ရောက်နေသည်မှာ တစ်ပတ်ကျော်လာခဲ့ပြီဖြစ်သည်၊၊ အစကတော့ သုံးရက်လောက်နဲ့ ကိစ္စတွေက အပြီးပြတ်မယ်ထင်ထားသော်လည်း ခွန်းကမ္ဘာရန်နိုင်အကြောင်းစုံစမ်းသည်မှာ အခက်အခဲတွေ ရှိနေသည်၊၊ နောက်ခံအင်အား တောင့်တင်းမှုအပြင် ဥပဒေဘောင်အပြင်ဘက်မှာလည်း ခြေကစားနေတဲ့ လူတစ်ယောက်အကြောင်းစုံစမ်းရသည်မှာ လွယ်မနေ၊၊ ဘက်ပေါင်းစုံကနေ လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ် အသေးစိတ် စုံစမ်းပါသော်လည်း ခွန်းကမ္ဘာရန်နိုင်အကြောင်းတော့ အနည်းငယ်မျှတောင် မသိရ၊၊ ထို့ကြောင့် ဗာရစ်ရော ရွန်ရော ဒီရက်တွေမှာ ကောင်းကောင်း နားရသည်မရှိဘဲ အမြဲ ဟိုဟိုဒီဒီသွားလာနေရပြီး စီးပွားရေးနဲ့ အမှုပြန်ဖွင့်မည့်ကိစ္စတွေကို ကိုင်တွယ်နေရသည်၊၊
ဒေါက်ဒေါက်!
တံခါးခေါက်သံနှစ်ချက်အပြီးမှ ဒေါက်ဖိနပ် သံတစ်ဂွမ်ဂွမ်နဲ့ပင် မာမီက ဗာရစ်အလုပ်ခန်းထဲသို့လျှောက်ဝင်လာသည်၊၊ အမေရိကမှာ စီးပွားရေး ချဲ့ထွင်းနေတဲ့ မာမီက မပြောမဆိုဘဲပြန်ရောက်ချလာတာက ဖြစ်နိုင်တာတစ်ခုဘဲရှိသည်၊၊ အဲ့တာက သေချာပါက် ဗန်နီရွန် လက်ချက်ပင် ဖြစ်လိမ့်မည်၊၊
"သားရစ် "
"ထိုင်ပါအုံး၊၊ ဘာကိစ္စနဲ့ပြန်လာတာလဲ၊၊ဒီမှာ အန္တာရာယ်များတယ်ဆိုတာ မာမီ မသိလို့လား"
သားဖြစ်သူကို စိတ်ပူစေမှန်းသိပေမဲ့လည်း နှောင်းရစ်တော့ သားရစ်ကို ဒီကိစ္စတွေထဲမှာဘဲ တစ်ယောက်ထဲ ပိတ်မိပြီး မနေစေချင်ပါ၊၊ ထို့ပြင် နှောင်းရစ် ဒီကိုရောက်ရသည်အကြောင်းကလည်း ရွန်က ဖုန်းဆက်ခေါ်လို့ဖြစ်သည်၊၊ အစ်ကိုနှစ်ယောက် ကွာရှင်းဖို့အထိ လုပ်နေတဲ့အကြောင်းနဲ့ ဒီရက်တွေမှာ အစားသိပ်မစားသလို အိပ်ရေး လည်းဝအောင်မအိပ်ဘဲ အမှုကိစ္စတွေနောက်ဘဲ လိုက်နေတဲ့ အကြောင်းကိုပါ ရွန်က အကုန်ပြောပြလာတာမို့ အမေရိက က အလုပ်ကိစ္စ တွေကို နှောင်းရစ် PA နဲ့ လွှဲထားခဲ့ပြီး ဒီကို ရောက်ချလာတာဖြစ်သည်၊၊ သို့ပေမဲ့ နှောင်းရစ် ရောက်ချလာသည်ကို သားရစ်က ကြိုက်ပုံမရ၊၊