30(uni)

33K 1.5K 85
                                    

ရစ်  အိမ်တော်၏ အပေါ်ဆုံးထပ်က စာကြည့်ခန်းထဲ၌ မျက်နှာချင်းဆိုင်ထိုင်နေကြသော  လူသုံးယောက်၊၊  ထိုလူတို့၏ မျက်နှာပေါ်၌  စိတ်ရှုပ်နေသော ဟန်ပန်အမူအရာက ပြည့်နှက်နေ၏၊၊  အခန်းအတွင်းလည်း ဘယ်သူတစ်ဦးတစ်ယောက်မှ စကားပြောနေခြင်းမရှိတာကြောင့် တိတ်ဆိတ်နေသည်၊၊

" ခွန်းကမ္ဘာရန်နိုင်ပျောက်နေတာက မသင်္ကာ စရာဘဲ၊ အစအနတောင်ရှာမရတာဆိုတော့ တစ်ခုခုကြံစည်နေတာဖြစ်မယ်"

ငြိမ်သက်နေရာမှ ထပြောလာသော ဒါလီယာ၏ စကားကို ထိုင်နေကြသော ရစ်ကြီးနဲ့ အန်တီကလည်း ခေါင်းညိတ်ကာပင် ထောက်ခံလာကြသည်၊၊   ပျောက်ချက်သားကောင်းနေတဲ့လူက  တစ်နှစ်တောင်ပြည့်တော့မည် အခုထိ ဘာသတင်းမှမရ၊၊   ပြည်ပထွက်ခွင့်လည်းအပိတ်ခံထားရတာမို့ ခွန်းကမ္ဘာရန်နိုင်က သေချာပေါက်  ပြည်တွင်းထဲမှာဘဲရှိလိမ့်မည်၊၊ သို့ပေမဲ့ ဘယ်နေရာမှာ မှ အစအနမတွေ့ရ၊၊ 


"အခုက ဆက်ရှာမှာလား ရှာနေတာကိုရပ်လိုက်မှာလား သားရစ် ၊ မင်းဘယ်လိုဆက်လုပ်မှာလဲ"

"ဆက်ရှာမယ် မာမီ၊ အဲကောင်လုပ်ထားတဲ့အပြစ်က သေးသေးလေးမဟုတ်ဘူး"



အစပိုင်း လင်းဥာဏ်ဆိုတဲ့ကောင်က လွန်းရန်ကိုပါ  တရားခံအဖြစ် ဒီကိစ္စတွေထဲဆွဲသွင်းတုန်းက ဗာရစ် အထင်လွဲမိတော့မလိုတောင်ဖြစ်ခဲ့ရသည်၊၊ တရားရုံး၌  လင်းဥာဏ်အားစစ်ဆေးမေးမြန်းတော့လည်း  လွန်းရန်က အမှုကိစ္စတွေနဲ့မလွတ်ကြောင်း  အလိမ်အညာများဖြင့် ဖြေ၏၊၊ သို့ပေမဲ့ ခွန်းအိမ်တော်ရဲ့ အိမ်တော်ထိန်းဟောင်းမှ  သက်သေခိုင်လုံစွာနဲ့  လွန်းရန်က  ခွန်းကမ္ဘာရန်နိုင်၏ ကျူးလွန် ထားသော အပြစ်တွေနဲ့မသက်ဆိုင်ကြောင်း  တရားရုံးကို ပြန်လည်တင်ပြခဲ့တာကြောင့်  ဒီအမှုမှာ  လွန်းရန်က လုံးဝကိုလွတ်ကင်းသွားခဲ့သည်၊၊ ထိုတော့မှသာ ဗာရစ် ရင်အေးပြီးသက်ပြင်းချနိုင်ခဲ့သည်၊၊  အမှုမဖြေ ရှင်းခင်တစ်လျှောက်လုံး   လွန်းရန်ကသာ ဒီလိုမျိူး လုပ်ခဲ့ရင်ဆိုသောအတွေးနဲ့ ပူလောင်ခဲ့ရ၏၊၊ 



လအနည်းငယ်အတွင်းမှာဘဲ ပြီးပြတ်သွားတဲ့ကိစ္စတွေကမနည်းမနော၊၊  ခေါင်းစားခဲ့ရသည်ရက်ပေါင်းကလည်းမနည်းခဲ့ပေ၊၊ အခုမှသာ အခြေအနေတကျနဲ့ ပြန်ပြီး အေးဆေးနေနိုင်တာဖြစ်သည်၊၊သို့ပေမဲ့  အဓိက တရားခံ  ခွန်းကမ္ဘာရန်နိုင်ကိုမဖမ်းမိသေးတာမို့  စိုးရိမ်စရာအနည်းငယ်တော့ရှိနေသည်၊၊  ဒီလိုပျောက်နေပုံကလည်း  သိပ်ပြီးတော့ မရိုးသားပေ၊၊  ဒီလိုပုံစံသာဆိုရင် ခွန်းကမ္ဘာရန်နိုင်ကို ကာကွယ်ပေးနေတဲ့လူက  ရှိကို ရှိလိမ့မည်၊၊


My  Stranger   Husband   RICKWhere stories live. Discover now