5

54.7K 2.4K 185
                                    

Uni

တင်းကြပ်မှုနှင့်အတူ နိုးထလာရသောမနက်ခင်း၊၊ဒီလိုမနက်ခင်းမျိုးက  ရန်အတွက်  ရက်တော်တော်ရှိနေလေပြီ၊၊ သို့ပေမဲ့ ရန်မှာ နေသားမကျနိုင်သေးပေ၊၊ မျက်လုံးများကို အသာဖွင့်ကြည့်လိုက်တော့ ခပ်တောင့်တောင့် ရင်အုပ်ကျယ်ကို ဦးစွာမြင်ရသည်၊၊မာဗာရစ်နဲ့ ရန် က   တစ်ယောက်နဲ့တစ်ယောက်နီးကပ်နေလိုက်ပုံများ  ကိုယ်သင်းနံ့အချင်းချင်းတောင်ရောယှက်လို့နေလေပြီ၊၊   အသက်ရူမဝဖြစ်လာတာကြောင့်  ရန် အနည်းငယ် ရုန်းကြည့်ပါသော်လည်း  အရင်နေ့တွေနဲ့မခြားနားစွာပင် ရုန်းထွက်၍ မရခဲ့ချေ၊၊

အခု မန္တလေးကို  ရန် ရောက်နေသည်မှာ တစ်ပတ်လောက်ပင်ရှိတော့မည်၊၊ မင်းသန့်နဲ့တွေ့တဲ့နေ့ကတည်းက  အခုထိ ရန်ကုန်အိမ်ကို မပြန်ရသေးပေ၊၊  ဒီမှာနေတဲ့ ရက်တွေလည်း မာဗာရစ်နဲ့ ရန် မှာ  ရန်မဖြစ်တဲ့နေ့ဆိုတာမရှိ၊၊  ကိုယ်ဘာသာအေးဆေးနေလဲ  အပြစ်မရှိအပြစ်ရှာပြီးလိုက်ကြည့်ကာပြောသည်၊၊ မမူးလည်းဘဲ ရစ်၏၊၊  ထို့ကြောင့် တည့်တဲ့အချိန်ဆိုတာ လုံးဝကိုမရှိတာဖြစ်သည်၊၊

ထို့ပြင် ဒီမှာ ရောက်နေတဲ့ တစ်ပတ်အတွင်းမှာလည်း  ရန်ကို  မာဗာရစ်က သူသွားလေရာနေရာသို့ ခေါ်ခေါ်သွားလေ သည်၊၊  အစည်းအဝေး အခန်းဆိုလည်း  ဘုမသိဘမသိ နဲ့ လိုက်ထိုင်ရသည်၊၊ ဧည့်သည်နဲ့  သီးသန့်တွေ့တဲ့အချိန်တွေဆိုလည်း   ရန်က  တကောက်ကောက်ပါအောင် လိုက်ရသည်၊၊ထို့ကြောင့် လူက  သူနောက်လျှောက်လိုက်ပြီး အတော်လေးကိုပန်းနေလေပြီ၊၊

"  ရားး လွှတ်စမ်းပါ မင်းလက်တွေ   ဒီကောင်တော့  !!"

" ခင်ဗျား နိုးနေရင်  သွားလိုက်တော့ ၊၊နားငြီး တယ် လာအော်မနေနဲ့ "

မျက်လုံးမဖွင့်ဘဲပြောလာတဲ့ မာဗာရစ်က   သူကိုယ်တိုင်တင်းတင်းကြပ်ဖြင့်  ရန် တစ်ကိုယ်လုံးကိုဖက်ထားတာကို  မသိတာလား၊၊ဒါမှမဟုတ်  ဖက်ခေါင်းအုံးနဲ့ဘဲ မှားနေတာလား၊၊ရန် အရှေ့မြင်နေရပါသော  ရင်ဘက်ကျယ်ကို   ရိုက်ဖို့ရာ  လက်နှစ်ဖက်ကလည်း လုံးဝလှုပ်ရတဲ့အခြေအနေမှာရှိမနေ၊၊  ရန်မှာ အခုလှုပ်လို့ရတာဆိုလို့  ခေါင်းတစ်လုံးသာရှိ၏၊၊

My  Stranger   Husband   RICKWhere stories live. Discover now