45 final (uni)

48.7K 1.8K 296
                                    

"မောင် ထတော့ နေ့လယ်ရောက်နေပြီ"


ကလေးနှစ်ယောက်အလယ်၌ ကားယားကြီးမှောက်အိပ်နေသော မောင်၏ ကျောကို ရန်အသာပုတ်လျက် နိုးနေသည်မှာ နာရီဝက်လောက်ပင်ရှိလေပြီ၊၊သို့ပေမဲ့ အခုထက်ထိမောင်ကတော့ တုတ်တုတ်မျှမလှုပ်သေး၊၊ ရန်တို့ ကျိုက်ထီးရိုးကို ရောက်နေသည်မှာဒီနေ့နဲ့ဆို သုံးရက်လောက်ရှိနေပြီဖြစ်သည်၊၊ သုံးရက်အတွင်း နေရာအစုံကို ရောက်ဖူးခဲ့ပြီဖြစ်၏၊၊ထို့ကြောင့် ဒီနေ့တော့ မွန်ပြည်နယ်ထဲက မင်းကွတ် ခြံကို သွားဖို့ စီစဥ်ထားသည်၊၊


မောင်ဘေးနား၌ ကုတင်ခေါင်းရင်းဘက်ကို ခြေထောက်ပေးလျက်ဖြင့် ဗမာနဲ့ရှန်ရှန်လေးကလည်း အိပ်ပျော်နေလေသည်၊၊ သားအဖသုံးယောက်ကို ရန် တစ်ယောက်ပြီးတစ်ယောက်နိုးထုတ်နေပေမဲ့ သုံးယောက်လုံးက ထမလာ၊၊ မနေ့ညကတော့ ညနက်တဲ့အထိ တော်တော်နဲ့မအိပ်နိုင်ကြဘဲ ဆော့နေကြပြီးအခုမနက်ကျတော့ အိပ်ယာမထနိုင်ကြတော့၊၊


"မာဗာရစ် မင်း ထမှာလား မထဘူးလား!!"

ခဏခဏနိုးနေသည်မှာ မရ၍ ရန် ဒေါသထွက်လာပြီဖြစ်ကာ နာမည်အရင်းခေါ်၍ ပိတ်အော်ထုတ်လိုက်တော့ မောင်ရော ဗမာနဲ့ရှန်ရှန်ရောပါ အိပ်ချင်းမူးတူးနဲ့ ထထိုင်လာကြသည်၊၊ မျက်လုံးတွေကမဖွင့်ကြသေးဘဲ ထိုင်ရက်နဲ့ ငိုက်နေကြပြန်၏၊၊ တငွေ့ငွေ့ ထွက်လာသော ဒေါသအငွေ့အသက်တွေကို ရန် သက်ပြင်းချရင်းသာလျော့ချနေရပြီး စိတ်ကိုမနည်းပြန်ထိန်းနေရသည်၊၊ စိတ်ရှိလက်ရှိ သာဆိုရင် သုံးယောက်လုံး၏ ခေါင်းတွေကို တဂွတ်ဂွတ်နဲ့မြည်အောင် ခေါက်ပြစ်လိုက်ချင်နေပြီ၊၊

"ရားးမောင် ထတော့ဆိုနေမှဘဲ ငါစိတ်တိုလာပြီနော်"


"လွန်း ရန်ကလည်း အိပ်ချင်သေးပါတယ်ဆို"


မဲ့ရှုံ့နေသော မျက်နှာနဲ့ဆံပင်တွေကြားလက်ချောင်းတွေကိုထိုးဖွရင်း မောင်က ရန်ကို မကျေနပ်သလိုကြည့်ကာ ဆိုလာသည်၊၊ နေ့လယ်တောင်ရောက်နေပြီမလို ဘာမှမစားမသောက်ထားဘဲ အိပ်ဘဲအိပ်နေတာကြောင့် ရန် မရမက နိုးနေရခြင်းဖြစ်၏၊၊ မောင်တို့သားအဖတွေစိတ်ကြိုက်သာ လွှတ်ထားလိုက်မည်ဆိုလျှင် ညနေလောက်မှ နိုးလာနိုင်သည်၊၊

My  Stranger   Husband   RICKWhere stories live. Discover now