"ငယ်"
"ရှင် "
သားရစ် ကုတင်ဘေး၌ ထိုင်နေသော ငယ်ကို နှောင်းရစ်လှမ်းခေါ်တော့ ရှင် လို့ထူးသံနူးနူးညံ့ညံ့ လေးက ထွက်လာသည်၊၊ ဒီရက်တွေမှာ အလုပ်ကိစ္စ တွေရော လူနာစောင့်ပါလုပ်ပေးနေသည်ကြောင့် ငယ်တော်တော်ပင်ပန်းနေမှာ၊၊ ဒါပေမဲ့ ငယ်က ညည်းတွားခြင်းတော့မပြုပေ၊၊
ဒီနေ့နဲ့ဆို သားရစ် သတိမေ့နေတာ တစ်ပတ်ပြည့်ပြီဖြစ်သည်၊၊ ထိုနေ့ညနေဘက်က နှောင်းရစ်ရော ငယ်ပါ သားရစ်ကိုကြည့်ပြီး နှစ်ယောက်သား ခြေမကိုင်မိလက်မကိုင်မိဖြစ် ခဲ့ရသည်၊၊ ဒဏ်ရာဒဏ်ချက် ဗလပွ နဲ့ သားရစ်ကို ဆေးရုံအမြန်ပို့နိုင်ခဲ့တာကြောင့် အသက်ဘေးမှ နည်းနည်းကပ်သီးလေးနဲ့လွတ်လာခဲ့တာ၊၊ ဆေးရုံရောက်တဲ့အချိန်သာ နောက်ကျရင်တော့ သွေးထွက်ဆုံးရှုံးမှုများပြီး အသက် ကယ်နိုင်မည်မဟုတ်ပေ၊၊
ကိုယ်ကို ကိုယ် အသားနာအောင်ဘာကြောင့် လုပ်ရလဲမသိပေမဲ့ စိတ်ထွက်ပေါက်ရှာပြီး လုပ်လိုက်တာက ဖြစ်နိုင်ချေများ၏၊၊ ပြီးခဲ့တဲ့တစ်ပတ်အတွင်းလည်း ကိစ္စတော်တော်များများက ဖြစ်ပြီးသွားခဲ့သည်၊၊ ထိုကိစ္စတွေကို သားရစ်နိုးလာလို့ သိခဲ့ရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့ နှောင်းရစ် ရင်တမမ နဲ့ စောင့်ကြည့်ရအုံးမည်၊၊ သားရစ် မဟုတ်တာတွေထပ်မလုပ်ပါစေနဲ့လို့ဘဲ မျှော်လင့်ရမည်၊၊"အန်တီ ခေါ်ပြီး ဘာမှလည်းမပြောဘူး"
"နည်းနည်းအတွေးလွန်နေလို့ပါငယ်ရဲ့"
"အစောနကခေါ်တာ ဘာပြောမို့လဲအန်တီ"
"နေ့လယ်စာသွားစားရအောင် ခေါ်တာ"
" ဒါဆို ငယ်တို့အခု သွားကြမယ်"
ရစ်ကြီးကို ဒါလီယာ တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီး အန်တီနဲ့အတူ ဆေးရုံခန်းထဲက ထွက်ခဲ့တော့သည်၊၊ ရစ်ကြီး ကဘယ်အချိန်မှ သတိပြန်လည်လာမှန်းမသိပေမဲ့ မြန်မြန်တော့ သတိပြန်ရလာစေချင်သည်၊၊ဒီတိုင်းကြီးဖြူဖပ်ဖြူရော်နဲ့ ဆေးရုံကုတင်ထက် ရက်ရှည်လများ လဲလျောင်းနေမှာကိုတော့မမြင်ချင်ပေ၊၊ ရစ်ကြီး၏ လက်နဲ့ ရင်ဘတ် က ဒဏ်ရာတွေကို မြင်တိုင်း ဒါလီယာ ခွန်းညီလွန်းရန် ကိုသာ အမှုန့်ကြိတ်ပြစ်လိုက်ချင်၏၊၊ သူကြောင့်သာမဟုတ်ရင် အခြေအနေ က ဒီလောက်ထိရှုပ်ထွေးမှာမဟုတ်၊၊