နားထဲကြားနေရသော ကလေးငိုသံ သဲ့သဲ့ကြောင့် ဗာရစ် အိပ်ပျော်နေရာမှ အသိစိတ်တို့ပြန်လည်ဝင်ရောက်လာခဲ့သည်၊၊ ဗာရစ် မျက်လုံးများကိုအသာ ဖွင့်ကြည့်တော့ အခန်းထဲ အလင်းရောင်က တော်တော်တောင် ဝင်ရောက်နေလေသည်၊၊ မနေ့က လွန်းရန်ကို သန့်ရှင်းပြီးတာနဲ့ ကလေးတွေ ရှိသောအခန်း ထဲကိုဘဲ ပြန်ပို့ပေးရင်းနဲ့ ဗာရစ်ပါ တစ်ခါထဲ လွန်းရန်ဘေးမှာ ဝင်အိပ်ခဲ့သည်၊၊ ယခုက ပထမဆုံးအကြိမ်အဖြင့်ဗာရစ်တို့ မိသားစုလိုက် အိပ်ဖူးကြခြင်းဖြစ်သည်၊၊
ကုတင်ဘေးက စားပွဲအသေးပေါ်၌ ရှိသော နာရီကိုလှမ်းကြည့်မိတော့ မနက်10နာရီဝန်းကျင် ဖြစ်နေလေပြီ၊၊ လွန်းရန်ကတော့ ဗာရစ် ရင်ခွင်ထဲမှာဘဲ ရှိသေးပြီး နိုးမလာသေး၊၊ သားနှစ်ယောက်ကတော့ မျက်နှာလေးတွေ ရှုံ့မဲ့ လျက် ငိုနေလေပြီ၊၊ ကလေးနှစ်ယောက်ကြည့်ရတာ ဗိုက်ဆာနေပုံရသည်၊၊ ထို့ကြောင့် ဗာရစ် ရင်ခွင်ထဲမှ လွန်းရန်ကို အသာဆွဲထုတ်လိုက်ပြီး ဗာရစ် ကုတင်ပေါ်ကနေ ဆင်းလာခဲ့သည်၊၊ ထို့နောက် သားနှစ်ယောက်ရှိသော တစ်ဖက်ကုတင်စွန်းနေရာသို့ ဗာရစ် လျှောက်လာခဲ့သည်၊၊
" ဖေကြီးသားတွေက ဗိုက်ဆာလို့လား ၊၊ ခဏဘဲစောင့် ဖေကြီး မျက်နှာသစ်ပြီးတာနဲ့ သားတို့ နှစ်ယောက်ကို ဖွားဖွားဆီသွားပို့ပေးမယ် "
အူဝဲ အူဝဲ အူဝဲ....!!
" မငိုရဘူးနော် ၊ သားတို့ဘေးမှာ ဖေဖေလွန်း အိပ်နေတယ်လေ ၊၊ တိတ်တိတ်နေနော် ခဏနေ ဖေကြီး အပြင်ခေါ်ထုတ်သွားမယ် ဟုတ်ပြီလား "
သားနှစ်ယောက်ကို ဗာရစ် ချော့မော့ ထားခဲ့ပြီး မျက်နှာသစ်ရန်အတွက် ရေချိုးခန်းထဲသို့အမြန်ဝင်လာခဲ့သည်၊၊ မျက်နှာကို ဖြစ်သလိုသာ အမြန်သစ်လိုက်ပြီး ရေချိုးခန်းကနေ ဗာရစ် အမြန်ပြန်ထွက်လာခဲ့သည်၊၊ထို့နောက် ကလေးနှစ်ယောက်ကို လက်တစ်ဖက်တစ်ချက်စီနဲ့အသာထိန်းပွေ့ချီပြီး အခန်းထဲကနေ ထွက်လာခဲ့တော့သည်၊၊
ဗာရစ် ကလေးနှစ်ယောက်ကို ချီပြီးအိမ်အောက်ထပ်ရောက်လာတော့ ဧည့်ခန်းထဲ၌ laptop တစ်လုံးနဲ့အလှုပ်ရှုပ်နေသော မာမီကိုတွေ့သည်၊၊ ဒီနေ့က အလုပ်နားရက်နေ့မလို့ တော်သေးသည်ဟုဆိုရမည်၊၊ မဟုတ်ရင် မာမီကို ကလေးကူထိန်းပေးဖို့ ပြောလို့ရမှာမဟုတ်