၆ နှစ်ကြာပြီနောက်.....
အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့သည်မှာ 6 နှစ်တောင်ကြာခဲ့ပြီ၊၊ပြောင်းလဲသွားသော အကြောင်းအရာတွေကလည်းတော်တော်များများကိုရှိ၏၊၊ ပြောရမည်ဆိုလျှင် ရန် သားနှစ်ယောက်က အသက်6 နှစ်အရွယ် ကလေးပေါက်တွေဖြစ်လာသလို Russia မှ ဒင်ဒင်သည်လည်း ဆရာဝန်ပေါက်လေးတစ်ယောက်ဖြစ်နေခဲ့ပြီ၊၊
ထို့ပြင် ရွန်ကလည်း ရှမ်းပြည်မှာ မနေတော့ဘဲ ရစ်အိမ်တော်မှာသာ ပြန်ပြောင်းနေပြီး ကျောင်းပြီးထားသည့် ဘာသာရပ်မှာ law နဲ့ဖြစ်သည့်ကြောင့် အခုဆို ရွန်က ရှေ့နေကောင်းတစ်ယောက်တောင်ဖြစ်နေလေပြီ၊၊ ရစ်အိမ်တော်၏ အရင်ရှေ့နေကြီးက ပင်စင်ယူသွားသည်မလို အခုလက်ရှိ ရစ်အိမ်တော်၏ ရှေ့နေက ရွန်ပင်ဖြစ်သည်၊၊ မင်းသန့်ကတော့ အခုထက်ထိ နိုးလာခြင်းမရှိသေးဘဲ ဆေးနဲ့သာ အသက်ရှင်နေရသည်၊၊
နှစ်တွေကြာလာပြီမလို့ ဆရာဝန်တွေက မင်းသန့်ကို လက်လွတ်ပေးလိုက်ဖို့ ရွန်ကိုအကြိမ်ကြိမ်နားချသောလည်း ရွန်ကလက်မခံဘဲ မင်းသန့်ကို အခုချိန်ထိ ခေါင်းမာစွာဆွဲထားခဲ့သည်၊၊
ရန်ကတော့ ကလေးနှစ်ယောက်သုံးနှစ်အရွယ်လောက်ကနေစ၍ မောင်ဆီမှ ရန်၏ ကုမ္ပဏီ ကိုပြန်တောင်းယူပြီး ရန် ကုမ္ပဏီ အလုပ်ကိုစ၍လုပ်ခဲ့သည်၊၊ ရန် ကုမ္ပဏီ အလုပ်ကိုပြန်စလုပ်တော့ မောင်နဲ့ စကားများဖြစ်ကြသေး၏၊၊ အလုပ်မလုပ်ခိုင်းစေချင်သော မောင်နဲ့ အလုပ်များတော့ သိပ်မနားရတဲ့မောင်ကို တစ်ဖက်တစ်လမ်းကနေ ကူညီပြီးလုပ်ဆောင်ပေးချင်သည့် ရန်တို့ဟာ အပေါက်အလမ်းမတည့်ကြ၊၊
ထို့ကြောင့် နှစ်ပတ်လောက်ထိက တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြဘဲ ရှောင်နေခဲ့ကြသေးသည်၊၊ နောက်ဆုံးတော့ လည်း ရန်၏နားပူနာဆာလုပ်မှုကြောင့် မောင်ကဘဲ အလျော့ပေးကာ ကုမ္ပဏီ အလုပ်ကိုလုပ်ဖို့အတွက် ရန်ကိုခွင့်ပြုခဲ့သည်၊၊
အိမ်အပေါ်ထပ် ဝရွံတာ၌ရပ်ရင်း ဆေးလိပ် တစ်လိပ်ကို နှုတ်ခမ်းတွေကြားညှပ်လျက် ရန်၏ အတွေးတွေက ရောက်တတ်ရာရာ ၊၊ ဒီနေ့က အလုပ်ပိတ်ရက်မို့ ရန် ထွေထွေထူးထူးလုပ်စရာမရှိဘဲ အားနေ၏၊၊ မောင်ကတော့ နေ့လည်ကတည်းက အလုပ်ကိစ္စ အရေးကြီးလို့ဆိုကာ ကုမ္ပဏီ ကိုထွက်သွားလေသည်၊၊ ဒီနှစ်တွေအတွင်းမှာ စိတ်ဖိစီးနေသည်ဖြစ်စေ ပျင်းရိနေသည်ဖြစ်စေ ရန် ဆေးလိပ်သာ သောက်ဖြစ်သည်၊၊ မောင်က ရံဖန်ရံခါ ရန်ကို ဆူပူတတ်သောလည်း လုံးဝကြီး ပိတ်ပင်ထားတာမျိုးမဟုတ်ချေ၊၊