ကိုက်ခဲနေသော ခန္ဓာကိုယ်နဲ့အပြင်နေရာင်စူးစူးကလည်း မျက်နှာပေါ်သို့ထိုးကျနေသည့်ကြောင့် ဗာရစ် စိတ်တို့က အသိဝင်လာသည်၊၊ မျက်လုံးဖွင့်ဖွင့်ခြင်း မြင်ရတဲ့မျက်နှာချက်နဲ့ ဘေးဘက်က ဆေးပစ္စည်းကိရိယာတွေကြောင့် ဆေးရုံရောက်နေမှန်း သတိထားမိလိုက်သည်၊၊ ဘယ်အချိန်က မေ့သွားလဲမသိပေမဲ့ မာမီ မဟုတ်ရင် ဒါလီယာက ဗာရစ် ကို ဆေးရုံပို့ပေးတာဖြစ်လိမ့်မည်၊၊
နာကျင်နေသော ကိုယ်ကို ခဏလျစ်လျူပြုလျက်ပင် ဗာရစ်တဖြည်းဖြည်းထထိုင်လိုက်သည်၊၊ ခါးနဲ့ ပုခုံးကို ပတ်တီးများဖြင့် ချည်နှောင် ထားသည်မို့ နေရာတာ နည်းနည်းတော့ အသက်ရူကျပ်၏၊၊ ကုတင်ဘေးက စားပွဲပေါ်၌ ရှိသော နာရီဆီ အကြည့်ရောက်မိတော့ မနက် 10 နာရီသာ ရှိသေးသည်၊၊ ဗာရစ်ကတော့ ဒီအချိန်နိုးလာပေမဲ့ လွန်းရန်ကရော နိုးနေလောက်မလား၊၊ အခုချက်ခြင်းထပြီး လွန်းရန်ရှိမဲ့ အခန်းကိုသွားချင်ပါသော်လည်း ဆေးသွင်းထားသည့်မို့ ထသွားလို့ကအဆင်မပြေ၊၊ထို့ကြောင့် ဆေးကုန်သွားမှသာ သွားရန် ရှိတော့၏၊၊
"အချစ် နိုးနေတာလား"
အခန်းတံခါးဖွင့်လျက် ဝင်လာတဲ့လူက ဟန်နီလင်းပင်၊၊ အချစ်လို့မခေါ်ဖို့ပြောထားသည်မှာ USမှာ ဗာရစ် တို့ ကျောင်းတတ်ထဲကဖြစ်သည်၊၊ ဘယ်လောက်ပြောပြော မရတာမို့ ဗာရစ် ဒီတိုင်းသာ လွှတ်ထားပေးလိုက်တော့သည်၊၊ပြောလည်းမရမှန်းသိနေတာမလို့ လေကုန်ခံပြီးကိုပြောမနေတော့တာ၊၊
ဟန်နီလင်း က လက်ထဲမှ ပါလာသော စားစရာ အထုတ်တွေကို စားပွဲပေါ်၌ တင်လျက် ဗာရစ် ကုတင်နားသို့ တရွေ့ရွေ့လျှောက်လာ၏၊၊ မြန်မာ အင်္ကျီ ရင်ဖုံးနဲ့ လုံချည်ကိုတွဲဝတ်ထားတဲ့ ဟန်နီလင်းက အမြဲအနောက်တိုင်းအဝတ်အစားတွေနဲ့ဘဲမြင်နေကြမလို့ အခုပုံစံကအနည်းငယ်စမ်းသစ်နေ၏၊၊ကျောင်းမှာထဲက လူကြိုက်များတဲ့ဟန်နီလင်းက အခုထက်ထိပြစ်ချက်ပြောစရာမရှိ၊၊
"အချစ် နင်ငါပြောထားတာကို ဘယ်တော့လက်ခံမှာလဲ၊၊ ငါပြောထားတာကြာပြီကို နည်းနည်းပါးပါးသနားပါအုံးလား "