မန္တလေးဘူတာကြီး
"ကလေးမ မန္တလေးကိုရောက်ပြီကွဲ့"အဖွားတစ်ယောက်ကသူ့ကိုလှုပ်နှိုးလိုက်သည်
"ဟွန်! ဟုတ်ကဲ့ကြီးမေ"
ကျွန်တော်လန့်နိုးလာပြီး ရောက်နေတဲ့နေရာနဲ့ ကိုယ့်ကိုယ်ပေါ်ကအဝတ်အစားတွေကို ပြန်ကြည့်ပြီးသတိပြန်ဝင်လာတယ်
ဒီနေ့ကစပြီး ကျွန်တော်ဟာ ကျွန်တော်ကျူးလွန်ခဲ့မိတဲ့အပြစ်တစ်ခုအတွက် မိန်းကလေးတစ်ယောက်အဖြစ်ဟန်ဆောင်နေရတော့မှာပါလား။
မနေ့ညက ရထားပေါ်တောင်တွေးမြောက်တွေးနဲ့ အိပ်တာနောက်ကျသွားတာကြောင့် ကျွန်တော်နိုးလာတော့ ရထားပေါ်ကလူတွေဆင်းသွားတာကုန်သလောက်ဖြစ်နေပြီ။
luggageနဲ့သားရေအိတ်တစ်လုံးဆွဲပြီးကျွန်တော်ရထားပေါ်ကဆင်းလိုက်တယ်
ဝတ်ထားတဲ့ပုလဲရှန်ဝမ်းဆက်နဲ့ပုခုံးကျော်ကျော်လောက်သာရှိသေးတဲ့ဆံပင်ရှည်ကို ပုံကျအောင် တစ်ချက်ပြင်ရတယ်
ပထမဆုံးနေ့မှာတင် နန်းမဟာစံအိမ်ကလူတွေကျွန်တော့်ကိုရိပ်မိသွားလို့မဖြစ်။
မိန်းမပတ်SEIKOလက်ပတ်နာရီလေးကိုတစ်ချက်ကြည့်လိုက်တော့ မနက်၈နာရီကိုညွှန်ပြနေပြီ။
မန္တလေးမြို့ရဲ့မနက်ခင်းသည် နေရောင်ခြည်နွေးနွေးအောက်မှာ လန်းဆန်းလို့နေပါရဲ့။
ကျွန်တော်ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေမိသည်
အခုချိန်ထိလာကြိုမယ်ပြောတဲ့သူတွေကို အရိပ်ယောင်တောင်မတွေ့ရတဲ့အခါ တစ်ယောက်ထဲ စွန့်စားပြီးထွက်လာခဲ့မိတာ မှားပြီလားလို့ နောင်တတော့ရချင်ချင်ဖြစ်မိပါတယ်
ကျွန်တော်နဲ့အတူပါလာတဲ့ခရီးသည်တွေလည်း လာကြိုတဲ့သူနဲ့ ကယ်ရီငှားပြီးသွားတဲ့သူနဲ့အလျှိုလျှိုထွက်ခွာသွားကြကုန်ပြီ။
တုတ်တုတ်မောင်းတဲ့ဦးလေးတစ်ယောက်ကကျွန်တော့်အနားကိုရောက်လာပြီး"သမီး ရပ်နေတာကြာပြီ ဘယ်သွားချင်လို့လဲ"
"နန်းရှေ့ပါ"
"ဦးလေးဈေးဦးမပေါက်သေးလို့ ၅၀၀၀ပဲပေးပါလိုက်ပို့ပေးပါ့မယ်"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ