ကျွန်တော်နိုးလာတိုင်း အမြဲသူ့ရင်ခွင်ထဲပဲရောက်ရောက်နေတယ်
ကျွန်တော်မွေ့ယာပေါ်ကနေထထိုင်လိုက်ပြီးသူ့မျက်တောင်တိုစိပ်စိပ်တွေကို တစ်ပင်ချင်းထိကြည့်လိုက်တယ်
မျက်တောင်တိုစိပ်စိပ်တွေကနေ နှာတံမြင့်မြင့်ချွန်ချွန်လေးဆီရောက်လာပြီး မေးရိုးတွေကိုလက်နဲ့ပွတ်ကြည့်မိတယ်
"ဟီး...ကြမ်းလိုက်တာ စူးလည်းစူးတယ်"
ကျွန်တော့်မှာတော့ သူ့လိုအမွှေးကြမ်းတွေမရှိဘူး။
ထူထူစိုစိုနှုတ်ခမ်းသားတွေကိုလက်ညှိုးလေးနဲ့ထိကြည့်လိုက်တော့ နုအိနေတယ်
အအိပ်ဆက်တာကြောင့်သူ့မျက်လုံးတွေဖျက်ခနဲပွင့်လာပြီး ကျွန်တော့်လက်ကိုဖမ်းဆုတ်လိုက်တယ်
"ကိုယ့်နှုတ်ခမ်းကိုလာဆော့နေတာ အနမ်းခံချင်လို့လား"
"လွှတ်! ဖယ်! နိုးပြီဆိုလည်းထတော့ အိမ်မက်မက်မနေနဲ့!"
သူလက်နှစ်ဖက်ကိုခေါင်းနောက်ပစ်ပြီး ဘယ်ခြေထောက်ပေါ်ညာခြေထောက်တင်ပြီး ကျကျနနနဲ့ပြန်လှဲနေလိုက်သေးတယ်
"ထလို့ ဦးခိုက်!"
"ဒီနေ့ရောသွားမှာလား သွားမယ်ဆိုမှထမယ်"
သူများနိုင်ငံမှာနေရတာ ကျွန်တော်ကြာကြာစိတ်ဆိုးနေလို့မဖြစ် နေစရိတ်တွေရှိတယ် စားစရိတ်တွေရှိတယ် ရောက်တုန်းရောက်ခိုက် ဗဟုသုတရှာဖွေစရာတွေအများကြီးရှိသေးတယ်
"သွားမယ်"အဲ့တော့မှ သူထပြီး ရေချိုးခန်းထဲဝင်သွားတယ်
နှစ်ယောက်လုံး တစ်ကိုယ်ရည်တစ်ကာယသမားတွေဆိုတော့ သိပ့်ပြင်ဆင်စရာမလို ရေချိုးပြီး အဝတ်အစားလဲကြရုံသာ။
"မင်းအဝတ်တစ်စုံပိုယူခဲ့"
"ဘာလုပ်ဖို့လဲ"
"လိုအပ်လို့ပေါ့"
ကျွန်တော်သူမမြင်အောင်luggageပြန်ဖွင့်ပြီး အတွင်းခံအဝတ်တွေနဲ့အိင်္ကျီတစ်စုံအမြန်ထုတ်ယူရတယ်
ဒီနေ့ဟလောင်ပင်လယ်အော်ကြီးဆီသွားမှာဆိုတော့ ကျွန်တော်လက်ဆောင်ရထားတဲ့ ဗီယက်နမ်ဝတ်စုံလေးလဲထားလိုက်တယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ