ကျွန်တော်တို့ဟနွိုင်းကိုပြန်ရောက်တော့ ညကိုးနာရီကျော်နေပြီ
ဦးခိုက်ကတော့ မန္တလေးပြန်ရောက်ရင်အလုပ်တွေပုံနေမှာကြောက်လို့ထင်တယ် ဝန်ထမ်းတွေတင်ထားတဲ့reportတွေထိုင်စစ်နေတယ်
ကျွန်တော်ကတော့ ဘာမှလုပ်စရာမရှိတော့ပျင်းနေရတယ်
"ဦးခိုက်ငါဗိုက်ဆာတယ်"
"အင်း စားမယ်လေ ဘာစားမလဲ"
"ဆိုက်ကော်နဲ့ပင်လယ်စာတွေစားချင်တယ်"
"Hotelမှာပဲစားမလား Old Quarterမှာသွားစားမလား"
"နင်အားလို့လား"
"အားတယ် ပြော ဘယ်မှာစားချင်လဲ"
"ဒါဆိုOld Quarterမှာသွားစားချင်တယ်"
သူlaptopပိတ်ပြီး ကျွန်တော့်အနားလျှောက်လာတယ်
ဘာပြောပြောလိုက်လျှောပေးတတ်တာသိတော့လည်း ကျွန်တော့်စိတ်ထဲအလိုလိုကျေနပ်မိတယ်
Guest houseအပြင်ထွက်လိုက်တော့ရာသီဥတုက ချမ်းစိမ့်စိမ့်လေးနဲ့နေလို့ကောင်းတယ်
သူကျွန်တော့်လက်ကိုဆုတ်ကိုင်လိုက်ပြီး ဟူဒီအိတ်ထောင်ထဲလက်ထိုးထည့်လိုက်တယ်
သူ့ဟူဒီအိတ်ထောင်ထဲမှာ ခေါင်းစီးကွင်းလေးတွေရှိနေတာကို ကျွန်တော်စမ်းလိုက်မိသည်
တည်းတဲ့နေရာနဲ့Old Quarterနဲ့ကနီးတာကြောင့်ခြေကျင်ပဲလျှောက်သွားကြတယ်
Old Quarterမှာဈေးဆိုင်တန်းတွေဆိုတာ ဘယ်နေရာကြည့်ကြည့်လက်ညှိုးထိုးမလွဲ။
ဆိုင်ကယ်တွေကားတွေနဲ့ လမ်းအရမ်းရှုပ်ပေမဲ့ သူပါတော့လမ်းကူးရခက်မှာကြောက်စရာမလိုတော့။
ဦးခိုက်ကလမ်းလျှောက်ရင် ခါးမတ်မတ်နဲ့ခေါင်းကိုမော့ထားတတ်တယ်
သူကျတော့လည်း စိတ်လွတ်ကိုယ်လွတ်လမ်းလျှောက်တာကစ ကြည့်လို့ကောင်းနေသည်
walking streetမှာ ကြိတ်ကြိတ်တိုးလမ်းလျှောက်နေတဲ့လူတွေကြား ကျွန်တော်သူ့တစ်ယောက်ထဲကိုပဲ မြင်နေမိတယ်
ဒီလောက်ပျာပန်းခတ်သွားလာလှုပ်ရှားနေကြတဲ့လူတွေအများကြီးထဲမှာ သူ့ထပ်ချောတဲ့သူမရှိလို့လားဆိုတော့မဟုတ်ပြန်ဘူး။
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ