ကျွန်တော့်ခန္ဓာကိုယ်ကိုလူတစ်ယောက်က ထွေးပွေ့ထားသလို နွေးထွေးနေပြီး နှာဖျားထဲလတ်ဆတ်တဲ့ထင်းရှူးရနံ့ကိုပါ ရှူရှိုက်နေရတာကြောင့် စိမ်းလန်းတဲ့တောအုပ်ထဲရောက်နေသလိုကျွန်တော်ခံစားလိုက်ရသည်
မှိတ်ထားတဲ့မျက်လုံးတွေကိုပွတ်ပြီး ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ ဝေဝါးနေတဲ့အမြင်တွေက မျက်နှာချောချောတစ်ခု၏အကြည့်နက်နက်တို့အောက်မှာ ဖျက်ခနဲသတိပြန်ဝင်လာတယ်
"နိုးလာပြီလား"သူကသာအေးအေးဆေးဆေးအိပ်ပျော်နေတာ ဦးခိုက်ခုချိန်ထိတစ်ရေးမှမအိပ်ရသေးဘူး။
သူနဲ့အတူနီးနီးကပ်ကပ်ရှိနေတော့ ရင်တွေခုန်ပြီးအိပ်မပျော်တာလည်းပါတယ်
နိုးနိုးလာချင်းသူ့ရင်ခွင်ထဲနီးနီးကပ်ကပ်ကြီးရောက်နေတာကြောင့် ကျွန်တော်လန့်ဖြန့်သွားရတယ်
"နင်! နင်ငါ့ကိုဘာလုပ်လိုက်တာလဲ!"
"ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး မင်းပဲကိုယ့်ကိုအတင်းဖက်ထားတာလေ ထလို့တောင်မရဘူး"
"အဲ့တာဆိုလည်းဖယ်လိုက်ပါလား ဘာလို့ဒီတိုင်းကြီးကြည့်နေတာလဲ"
"မင်းအိပ်ရေးပျက်သွားမှာစိုးလို့"
ကျွန်တော်ကုတင်ပေါ်ကနေချက်ချင်းထရပ်လိုက်တော့ ကျွန်တော့်အိင်္ကျီထဲကအရာနှစ်ခုကတစ်ခုပြီးတစ်ခု အောက်ကိုထွက်ကျသွားတယ်
"အယ်..!!"
ဦးခိုက်က အဲ့အရာတွေကိုတစ်လှည့် ကျွန်တော့်ကိုတစ်လှည့်ကြည့်ပြီး အံ့ဩနေတယ်
ကျွန်တော်ဖော့ခွက်နှစ်ခုကို အမြန်ကောက်လိုက်ပြီး ဗိုက်ထဲထည့်ဖွက်လိုက်တယ်
ရုပ်တည်ကြီးနဲ့ သူကြောင်ကြည့်နေတာကြောင့်ရိပ်မိသွားပြီလားလို့ ကျွန်တော်စိတ်လှုပ်ရှားနေတုန်း သူခပ်ဟဟလေးအော်ရယ်တယ်
"ဟား ဟား! မင်းအဲ့လောက်ပြားလိမ့်မယ်လို့ ကိုယ်တကယ်မထင်ထားဘူး မင်းမိန်းမရောစစ်ရဲ့လားကွာ"
"ဉီးခိုက်နော်!"
ကျွန်တော်သူ့မျက်နှာတည့်တည့်ကိုခေါင်းအုံးနဲ့ပစ်ပေါက်လိုက်တယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ