Part34(Uni/ZG)

4.6K 160 12
                                    

မင်းကွန်းမြသိန်းတန်စေတီပေါ်မှာ ပုသိမ်ထီးလေးဆောင်းပြီး လမ်းလျှောက်နေတဲ့သူ့ပုံစံလေးကို ဦးခိုက်စိတ်လွတ်ကိုယ်လွတ်ငေးမောနေမိတယ်

ကိုယ်ပန်ပေးထားတဲ့ နှင်းဆီပန်းလေးက ခုချိန်ထိသူ့ခေါင်းပေါ်မှာလန်းဆန်းလို့နေသည်

ဦးခိုက်သူ့ကိုအတိုင်းထက်အလွန်ချစ်မြတ်နိုးရသလို တန်ဖိုးလည်းထားရပါတယ်

ဦးခိုက်ရဲ့ရင်ထဲမှာတော့ သူ့အပေါ်ထားတဲ့အချစ်တွေကဖြူစင်တယ်

သူကိုယ့်ပေါ်ပြန်လည်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကလည်း ဖြူစင်စစ်မှန်မှန်း ဦးခိုက်ခံစားလို့ရသည်

လှေကားထစ်တွေပေါ်လမ်းလျှောက်တက်နေရင်းသူ့ကိုယ့်ဘက်ကိုလှည့်လာပြီး ခပ်ငုံ့ငုံ့က‌လေးကြည့်တယ်

"ထီးရိပ်ထဲလာလေဦးခိုက်ရယ် ဘာလို့နေပူကြီးထဲကလျှောက်နေရတာလဲ"

"မင်းပဲဆောင်းပါ ကိုယ်ကဘာမှမဖြစ်ပါဘူး"

သူ့ပေါ်မိုးပေးလာတဲ့ပုသိမ်ထီးလေးကိုမော့ကြည့်ရင်း သူ့လက်ကလေးပေါ်ကဆုတ်ကိုင်လိုက်ပြီး ထီးကိုသူ့ခေါင်းပေါ်ပြန်တိုးပေးလိုက်တယ်

"ဒီလိုဆိုဘယ်တရားမလဲ အင်းဝမှာတုန်းက တို့ဦးခိုက်ထီးကိုဆောင်းခဲ့တာပဲလေ"

ဦးခိုက်သူ့မျက်နှာလေးကိုကြည့်ပြီး သွားစွယ်လေးတွေပေါ်လာတဲ့အထိ ချစ်စဖွယ်ပြုံးလိုက်မိသည်

"ကိုယ်ဆောင်းရင် မင်းမလုံမှာစိုးလို့ပြောတာပါ"

"မလုံလည်းဘာဖြစ်လဲ ဒီလိုဆိုထီးပိတ်ပြီးနှစ်ယောက်အတူလျှောက်ကြမလား"

သူကျွန်တော်ရပ်နေတဲ့လှေကားထစ်ပေါ်တက်လာပြီး ပုခုံးချင်းယှဉ်ရပ်လိုက်သည်

"ထီးတော့မပိတ်ပါနဲ့ကွာ ကိုယ်ကမင်းအပေါ်ကို နေပူစက်လေးတစ်ပြောက်တောင်ကျစေချင်တာမဟုတ်ဘူး"

သူနဲ့ပုခုံးချင်းပွတ်တိုက်ထိကပ်သွားတော့ ကျွန်တော့်အသည်းနှလုံးတွေကြွေကျမတတ် ခုန်ပေါက်လာတယ်

သူကျွန်တော့်လက်ထဲကထီးကိုယူပြီးနှစ်ယောက်အတူဆောင်းပြီး ဘုရားပေါ်တက်တယ်

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now