မိသူက အိမ်အပေါ်ဝရံတာမှာရှိတဲ့ အဖုံးအုပ်ထားတဲ့စန္ဒယားကို ကြက်မွှေးနဲ့ပွတ်ပြီးသန့်ရှင်းရေးလုပ်နေတယ်
ဆောင်းရာသီကိုဟုတ်တိပတ်တိရောက်လာပြီဖြစ်တာကြောင့် မနက်ခင်းမြင်ကွင်းမှာ နှင်းမြူများကဖုံးလွှမ်းနေသည်
မန္တလေးဆောင်းသည် အောက်ပြည်ကဆောင်းတွေထပ်ပိုချမ်းတာကိုတော့ ဝန်ခံရပါလိမ့်မည်
ကျွန်တော် ဆယ်တန်းတုန်းကသင်ခဲ့ရတဲ့ အချုပ်တန်းဆရာဖေရဲ့ ဆောင်းရတုပွဲဆိုတဲ့ ကဗျာလေးကိုသတိရမိသည်
"ခန်းဆောင်ရွှေ ရဝေတွင်းမှာလချမ်းပေါင်လေတဖေတင်းသော်လည်း ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
မျက်တစ်ခတ် ပြက်လျှပ်ကယ် တစ်ဗီဇနာမျှထည်အလွှာအကုန်ထွေးသော်လည်း ကြည်အသာမလုံသေးပါဘု၊မှိတ်ပါလျှင်လိပ်ပြာကအေးတာမို့သွေးလန့်လို့ခုန်"တဲ့။
အခုတော့မန္တလေးဆောင်းက သွေးလန့်လို့လည်း ခုန်စရာမလိုတော့အောင် မန်းတုန်အောင်လည်း လမ်းဆုံကဟစ်စရာမလိုတော့အောင် အချမ်းပေါ့သွားခဲ့ပြီလား။
အေးတော့အေးပေမဲ့ အသည်းထဲစိမ့်နေအောင်အေးတယ်လို့တော့ကျွန်တော်မခံစားရပါ
နေပျောက်ကလေးများသည် မြူကွဲရုံမျှထိုးလာခဲ့သည်
လက်ကိုင်ပုဝါလေးနဲ့ စန္ဒယားခလုတ်ကလေးတွေကို သေချာဂရုတစိုက်နဲ့ဖုန်သုတ်နေတဲ့ မိသူကိုကြည့်ရင်း ကျွန်တော့်ခေါင်းထဲမေးခွန်းတစ်ခုဝင်လာသည်
"မိသူ ငါနင့်ကိုမေးခွန်းတစ်ခုမေးမယ်"
"မမလေးဘာမေးမလို့လဲဟင်"
"ဒီစန္ဒယားက ဘယ်သူတီးတာလဲ"
"မိသူမသိပါဘူးမမလေး"အဖြေကရှင်းသည်။
"ဘယ်သူတီးတာမှန်းမသိပဲ နင်ဖုန်သုတ်နေတဲ့ပုံစံက အရမ်းကိုဂရုတစိုက်ဖြစ်လွန်းနေလို့လေ"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Lãng mạnအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ