မမိလှိုင်မင်းကွန်းကပြန်မလာသေးတော့ ကျွန်တော်ကမီးဖိုချောင်မှာ အရင်ကထပ်ပိုပြီး ကူလုပ်ပေးဖြစ်တယ်
ကြီးမြကဟင်းအိုးမွှေနေရင်း ကျွန်တော်တို့နှစ်ယောက်ရှိတဲ့ဘက်ကိုလှည့်ကြည့်တယ်
"မိလှိုင်က မင်းကွန်းသားနဲ့များ ညားနေပြီလားမသိပါဘူးတော် ပြောတော့တစ်ရက်နှစ်ရက်နဲ့ငါးရက်ရှိတော့မယ်"
မိသူကပါ"ဘာတဲ့ကြီးမြ မမိလှိုင်ပြောနေကျ စကားလေးတစ်ခွန်းရှိပါတယ် ရိုးသားကြိုးစားတဲ့မင်းကွန်းသားလေးပဲ ပြန်ယူချင်ပါတယ်တဲ့"
ကျွန်တော်ကြားဖူးတာတော့ ရိုးသားကြိုးစားဧရာဝတီသားဆိုတာပဲကြားဖူးတယ် မိသူတို့နဲ့မှ ရိုးသားကြိုးစားမင်းကွန်းသားဆိုပြီး ဖြစ်သွားရတော့တယ်
"ညည်းလည်းကြပ်ကြပ်သတိထားမိသူ ငါက ညည်းလင်ယူမယ်ဆိုရင်တောင် မိလှိုင်လိုသုံးဆယ်ကျော်လောက်မှစိတ်ချမှာ"
"အဲ့ချိန်မှတော့ ယူမနေတော့ပါဘူးကြီးမြရယ်ငယ်ငယ်ရွယ်ရွယ်နဲ့ယူတာလည်းမကောင်းဘူး၊ အသက်ကြီးမှယူတာလည်းမကောင်းဘူး၊ အမ်း...မမလေးလိုအရွယ်ဆိုရင်တော့ အိမ်ထောင်ပြုသင့်နေပြီ"
မိသူကသဘောရိုးနဲ့ပြောလိုက်ပေမဲ့ အချစ်မှာလက်ထပ်ခြင်းက ပဓာနကျရဲ့လားလို့ ကျွန်တော်တွေးကြည့်မိတယ်
သာမန်ယောကျာ်းမိန်းမဖြစ်တည်မှုနဲ့ပေါက်ဖွားလာတဲ့အချစ်မှာဆိုရင်တော့ ချစ်ခြင်းရဲ့ပန်းတိုင်ဖြစ်တဲ့ လက်ထပ်ခြင်းက ပဓာနကျပါလိမ့်မယ်
ကျွန်တော့်အတွက်တော့ အချစ်ဟာ ချစ်နေရရုံနဲ့တင်ပြီးပြည့်စုံပါတယ်
ကျွန်တော်တိတ်နေတော့ ကြီးမြကမဆီမဆိုင်မိသူကိုခေါင်းသွားခေါက်တယ်
"ညည်းအစ်ကိုလေးကမှမလှုပ်တာဟယ် သမီးရွေးကမိန်းကလေးလေ အိုးကမပူ၊စလောင်းကပူရမှာတဲ့လား မိသူရယ်"
ကြီးမြပြောမှပိုဆိုးကုန်ပြီ သူ့မှာလည်းရည်ရွယ်ထားတဲ့သူရှိချင်ရှိနေမှာပေါ့ ကျွန်တော်ငြိမ်မနေတော့ပဲ"ရွေးကတော့လေ လူကြီးချင်းသဘောတူထားတယ်ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့် လူနှစ်ယောက်ပေါင်းစပ်လိုက်ရတယ်ဆိုတာထပ် တကယ်ချစ်ကြတဲ့သူတွေ ပျော်ရွှင်နေကြတာကိုပဲ မြင်ချင်ပါတယ် ရွေးကြောင့်ဘယ်သူ့ကိုမှ စိတ်ဒုက္ခမရောက်စေချင်ဘူး"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romansaအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ