ပူပြင်းရဲတွေဆီကသတင်းရတာနဲ့ဘဘကြီးကိုချက်ချင်းလာပြောတယ်
"ရဲအရာရှိကြီးတွေကဖုန်းဆက်ပါတယ်ဘဘကြီး တရားခံတွေကိုအကုန်ဖမ်းမိသွားပါပြီတဲ့ လူအသေအပျောက်တော့မရှိပါဘူး ထိခိုက်ဒဏ်ရာရတဲ့သူတော့ရှိပါတယ်တဲ့"
"ဒါဆိုဦးခိုက်တို့ကရော...!"
"အစ်ကိုလေးတို့သတင်းတော့မသိရသေးပါဘူးဘဘကြီး"
"ကလင်! ကလင်!"ဧည့်ခန်းကဖုန်းလာနေတာကြောင့်မိသူသွားကိုင်လိုက်တယ်
"Hello!"
"........"
"ဟင်!"မိသူနားထောင်နေရင်း မျက်လုံးပြူးပြီးမျက်ခုံးတွေပင့်သွားတယ်
"ဟုတ်ကဲ့အစ်ကိုလေး"
မိသူဖုန်းချလိုက်ပြီး ဘဘကြီးအနားလျှောက်သွားတယ်
"ဘာတဲ့လဲမိသူ!"
"ဆေးရုံကနေအစ်ကိုလေးဖုန်းဆက်တာပါဘဘကြီး မမလေးabortionဖြစ်မလိုဖြစ်လို့ ဆေးရုံတင်ထားရပါတယ်တဲ့"
"ဘာ!"
အကုန်လုံးအံ့အားသင့်သွားကြသလို မိသူနဲ့ကြီးမြတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအနားတိုးကပ်သွားကြတယ်
"သူတို့ဘယ်ချိန်က ကိုယ်ဝန်ရသွားတာလဲ!"
"မိသူဘယ်သိမှာလဲကြီးမြကလည်း"
ပူပြင်းသူတို့နှစ်ယောက်အနားကပ်သွားလိုက်ပြီး"ကြီးမြတို့က အိမ်မှာနေပြီးမသိကြဘူးလား"
"သိစရာလား!"
"မိသူထင်တာကတော့ ဘဘကြီးဆေးရုံတက်တုန်းကလားမသိဘူး...အဲ့တုန်းက အစ်ကိုလေးခရီးကပြန်လာပြီး နှစ်ယောက်ထဲအိမ်ပြန်အိပ်တဲ့ညလေ...!"
"အဟမ်း!"ဘဘကြီးကခပ်တည်တည်နဲ့ချောင်းဟန့်တယ်
"ကားထုတ်လိုက်ပူပြင်း ငါအခုချက်ချင်းဆေးရုံသွားမယ်"
"ဟုတ်ကဲ့ပါဘဘကြီး"
>>>>>>>>>>>>>>>>>>>>>>>>>>>
ဘဘကြီးတို့ဆေးရုံလိုက်သွားတော့ ဦးခိုက်က Operationခန်းဝမှာရပ်စောင့်နေတယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ