မီးဖိုခန်းထဲကထမင်းစားပွဲမှာ ရှူးရှူးရှဲရှဲနဲ့ အချဉ်တွေအားရပါးရထိုင်စားနေတဲ့မိသူကိုကြည့်ပြီး ကျွန်တော်ပါသရေကျလာတယ်
"မိသူဘာတွေစားနေတာလဲ"
"သရက်သီးသုတ်စားနေတာမမလေး"
"နည်းနည်းကျွေး စားကြည့်ချင်တယ်"
"စားစား မမလေး"
ဇွန်းခြင်းထဲကခက်ရင်းတစ်ချောင်းယူပြီး သရက်သီးတစ်ဖက်ထိုးစားလိုက်တယ်
ငပိနံ့မွှေးမွှေးနဲ့သရက်သီးသုတ်က စားပြီးရင်းစားချင်တကယ်စားလို့ကောင်းတယ်
"ကောင်းလားဟင်မမလေး"
"ကောင်းတယ် ဒါပေမဲ့ အစပ်ပေါ့နေတယ် အစပ်ထည့်လိုက်အုံး"
"အာ...မမလေးစပ်နေပါပြီ မိသူတောင်လျှာထွက်နေတယ်"
"ဟုတ်လို့လား သိပ့်မစပ်သလိုပဲ"
"မမလေးခံတွင်းပျက်နေလို့နေမှာပေါ့"
"ဒါဆို...မနက်ဖြန်ဈေးသွားရင် ရှောက်သီးဝယ်ခဲ့နော် ရှောက်သီးသုတ်စားရအောင်"
"ဟုတ်ဟုတ် ဝယ်ခဲ့မယ်မမလေး"
"ဒါနဲ့...မိသူ နင်နားကြပ်လိုလား အားသွင်းကြိုးလိုလား"
"ဘာဖြစ်လို့လဲမမလေး"
"ဒီနေ့မုတ်သုန်ရဲ့ဆိုင်သစ်ဖွင့်ပွဲကိုသွားရမှာလေအဲ့တာဝယ်ခဲ့ပေးမလို့"
"ဒါဆိုနားကြပ်ပဲဝယ်ခဲ့မမလေး အားသွင်းကြိုးကရှိတယ် နားကြပ်ကခဏခဏပျက်တာ အိပ်ယာထရင် တက်တက်နင်းမိတာ"
"ပြီးရော ပြီးရော"
မိသူဘေစင်ဘက်ပြန်လှည့်သွားပြီး ပန်းကန်တွေသွားဆေးနေတယ်
"ခင်ဗျားပြင်ဆင်ထား ကျုပ်ပြီးနေပြီ"
သူအပေါက်ဝကနေ မတ်တပ်ရပ်ကြည့်ပြီးလှမ်းပြောတယ်"ငါနင်နဲ့သွားမယ်လို့ပြောလို့လား နင်လည်းနင့်ဟာနင်သွား ငါလည်းငါ့ဟာငါသွားမှာ"
"ကျုပ်ကသွားချင်လို့သွားရတယ်လို့များခင်ဗျားထင်နေတာလား မျက်နှာနာနေလို့"
"ငါလည်းနင့်ကိုလိုက်မပို့ခိုင်းပါဘူး တော်ကြာငါနဲ့သွားလို့နင်သိက္ခာကျနေဦးမယ်"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ