မနက်စောစောရေချိုးပြီးထွက်လာတော့ ပြတင်းပေါက်နားမှာစိုက်ထားတဲ့နှင်းဆီပန်းပင်လေးဆီအကြည့်ရောက်မိသွားတယ်
ဦးခိုက်နှင်းဆီပန်းပင်နားသွားလိုက်ပြီး ဖူးငုံရဲစိုနေတဲ့ပန်းလေးကိုကြည့်ပြီး အလိုလိုပြုံးလိုက်မိတယ်
ပန်းမပန်တတ် ဆံပင်မစီးတတ် အမြဲတမ်းဖားလျားချထားတဲ့ သူ့ဆံနွယ်တွေဆီကနေ ပန်းရနံ့သင်းတဲ့ခေါင်းလျှော်ရည်ရနံ့တွေတော့ရနေတတ်သည်
သူတစ်ပွင့်ထဲပွင့်တဲ့အနီရောင်နှင်းဆီပန်းလေးကိုခူးပြီး စားပွဲပေါ်တင်ထားလိုက်တယ်
စွတ်စွတ်ဖြူနေတဲ့စတစ်ကော်လံအိင်္ကျီနဲ့ အနက်နဲ့ကြေးနီရောင်ရောယက်ထားတဲ့ ကွက်စိပ်ပိုးပုဆိုးတစ်ထည်ယူဝတ်လိုက်သည်
ဦးခိုက်အောက်ဆင်းလာတော့ အိမ်အောက်မှာကြီးမြတို့ရဲ့စကားပြောသံတွေကြားနေရတယ်
မမိလှိုင်မင်္ဂလာဆောင်သွားမှာဆိုတော့ ပြင်ကြဆင်ကြတုန်းထင်တယ်
အိမ်ပေါ်ကနေလှမ်းကြည့်တော့ ဖြူစင်ကျော့ရှင်းတဲ့သူ့ကိုယ်ပေါ်မှာ ကြေးနီရောင်ရင်ဖုံးနဲ့ချိတ်ထမိန်ကို လှပစွာဝတ်ဆင်ထားသည်
"အိုးပုတ်စံပယ်တွေများလှချက်အေ"
"မိသူခြံထဲကခူးလာတာလေ မမလေးရောကြီးမြရောပန်မှာမဟုတ်လား မိသူပန်ပေးမယ်"
မိသူကကြီးမြဆံထုံးနောက်ပန်းအရင်ပန်ပေးတယ်
ပြီးမှနောက်ထပ်စံပယ်ပန်းပွင့်လေးကိုင်ပြီး ကျွန်တော့်ခေါင်းနောက်ရောက်လာတယ်
ပန်းပန်ချင်လို့မဟုတ်ပေမဲ့ မိန်းမလိုဝတ်စားထားတော့ အထူးအထွေမငြင်းလိုက်တော့ပါ။
ဦးခိုက်အိမ်အောက်ကိုအမြန်ပြေးဆင်းလိုက်ပြီး"မပန်နဲ့! မပန်ပေးနဲ့မိသူ!"
"ဘာဖြစ်လို့လဲအစ်ကိုလေးရဲ့လန့်လိုက်တာ!"
"အဲ့ဒီ့စံပယ်ပန်းနင်ပဲပန်လိုက်တော့"
"ဒါဆိုမမလေးကဘာပန်မှာလဲ"
ဦးခိုက်သူ့အနားသွားလိုက်ပြီး အိတ်ထောင်ထဲထည့်လာတဲ့နှင်းဆီပန်းပွင့်လေးကိုထုတ်လိုက်တယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ