ညအိပ်ယာမဝင်ခင် မှန်တင်ခုံရှေ့ထိုင်ပြီး ခေါင်းဖီးနေတဲ့သူ့ပုံစံလေးကိုတစိမ့်စိမ့်ငေးကြည့်ရင်း သီချင်းလေးအေးအေးညည်းမိတယ်
"ပြန်တွေးကြည့်ငါသိပ့်ချစ်မိသွားပြီ...မြတ်နိုးရတဲ့မင်းရဲ့အပြုံးဟန်လေး...အမြဲတမ်းတွေ့ချင်မိ...
ရင်ထဲထိ...ပစ်ခွင်းစူးနစ်သွားပြီမင်းအကြည့်များ
ဂန္တဝင်မြောက်လွန်းတဲ့ ကမ္ဘာကျော်ပန်းချီလည်းရှုံးရပြီ...
သူမှန်ထဲကနေ ကိုယ့်မျက်နှာကိုလှမ်းကြည့်နေမှန်းသိတော့ ဦးခိုက်သွားစွယ်လေးပေါ်အောင်ပြန်ပြုံးပြလိုက်တယ်
ခေါင်းဖီးနေရင်းတင်လိုက်တဲ့ဘီးက မှန်တင်ခုံကိုချော်ပြီး အောက်ကျသွားတော့ သူခေါင်းလေးရမ်းပြီးပြုံးတယ်
ရင်ခုန်စွာစွဲလမ်းမိပြီဘယ်လိုလုပ်မလဲ
ဖြေရှင်းဖို့မင်းရဲ့အဖြေလေးတစ်ခွန်းရင်မှာလိုနေပြီ...ကြာလာရင်ဆိုးသွားလိမ့်မယ်ကူညီပါဦး...နှလုံးသားလေးက တဒိတ်ဒိတ်နဲ့အချစ်တို့ရှိရာဆီ...
လှမ်းလာဖို့စေခိုင်းတတ်ခဲ့ပြီ ဘဝတစ်ခုလုံးပုံပြီးတော့ပြောမယ်...ယုံကြည်ပေးပါ ကိုယ့်အချစ်တွေ...ပြန်တွေးကြည့်...!"
"ငါဆံပင်ညှပ်တော့မယ်ဦးခိုက်"
"ဟမ်!"ဦးခိုက်ဆိုနေတဲ့သီချင်းကိုရပ်ပြီးမွေ့ယာပေါ်ကနေချက်ချင်းထထိုင်လိုက်တယ်
"ညှပ်တော့မှာပေါ့! တကယ်ကြီးညှပ်ပစ်တော့မှာပေါ့!"
"ဟုတ်ပါတယ်ဆို"
ဦးခိုက်ကသူဆံပင်ညှပ်မှာကိုသူ့ထပ်တောင်ပိုပြီးနှမြောတတ်သေးတယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ