ရန်ကုန်ကနေ ညနေ၆နာရီ၄၅flightနဲ့ ဗီယက်နမ်ကိုသွားမှာဆိုတော့ ဘဘကြီးကမသွားခင်မှာစရာရှိတာတွေမှာနေသည်
မန္တလေးကနေတံတားဦးလေဆိပ်ကိုလိုက်ပို့ပေးမဲ့ ကိုပူပြင်းလည်းအိမ်မှာရောက်နေပြီ။
မသွားခင်ဘဘကြီးကိုကန်တော့တော့ ဘဘကြီးကဆုပေးတယ်
"သွားလမ်းသာလို့လာလမ်းဖြောင့်ကြပါစေကွယ်"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေဘဘကြီး"
"ဦးခိုက် သမီးရွေးကိုစိတ်ချမယ်နော်"
"စိတ်ချပါဘဘကြီးရယ် ကျွန်တော်တစ်ယောက်လုံးပါနေတဲ့ဥစ္စာ ဘဘကြီးချွေးမဘာမှမဖြစ်စေရဘူး"
ကျွန်တော်သူ့လက်မောင်းတစ်ဖက်ကို ဆွဲစိတ်လိုက်တယ်"ဦးခိုက်နင်ဘဘကြီးရှေ့မှာဘယ်လိုတွေပြောနေတာလဲ"
ဧည့်ခန်းမှာမတ်တပ်ရပ်နေတဲ့မိသူက"အစ်ကိုလေးက အရင်တစ်ခါသွားတာထပ် ဒီတစ်ခါသွားတာပိုပျော်နေသလိုပဲနော်"
ကြီးမြကပါမနေနိုင်တော့ဝင်ပြောတယ်"မတူဘူးလေမိသူရယ် အရင်တစ်ခါသွားတာအချစ်မပါဘူး ဒီတစ်ခါသွားတာအချစ်ပါတယ်"
"အာ...ကြီးမြတို့မကောင်းဘူးကွာ ဘာတွေလျှောက်ပြောနေမှန်းလည်းမသိဘူး"
ကျွန်တော်ရှက်လွန်းလို့ မျက်နှာဘယ်နားထားရမှန်းမသိအောင်ဖြစ်သွားတယ်
ဘဘကြီးကတော့ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ပြီးပြုံးနေတယ်
ဦးခိုက်ကခပ်တည်တည်နဲ့ဘဘကြီးရှေ့မှာပဲ ကျွန်တော့်လက်တစ်ဖက်ကိုဆုတ်ကိုင်ပြီး ထရပ်လိုက်တယ်
"သွားတော့မယ်နော်ဘဘကြီး"
ဘဘကြီးကအမူအယာနဲ့ခေါင်းငြိမ့်ပြတယ်
ကျွန်တော်တို့သွားတော့မယ်ဆိုတော့ တစ်အိမ်လုံးက အိမ်ရှေ့ထိလိုက်ပို့ပေးကြတယ်
"ဂရုစိုက်သွားကြအုံးနော်သားငယ်နဲ့သမီးရွေး"
"ဟုတ်ကဲ့ကြီးမြ"
ဦးခိုက်ကားတံခါးဖွင့်ပေးတော့ ကျွန်တော်အိမ်ကလူတွေကို တာ့တာပြပြီး ကားပေါ်တက်လိုက်တယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Lãng mạnအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ