"Ring...Ring"
စားပွဲခုံပေါ်ကဖုန်းလာနေတာကြောင့် ဘဘကြီးဆီကများလားလို့ ကျွန်တော်လှမ်းကြည့်လိုက်တယ်
"မဝါ"တဲ့။
ကိုပူပြင်းနဲ့ဘဘကြီးဆို ကျွန်တော်ကိုင်လိုက်လို့ရပေမဲ့ မဝါဆိုရင်တော့ ကျွန်တော်မကိုင်ချင်ဘူး သူကအလိုလိုနေရင်း ကျွန်တော့်ကိုကြည့်မရဖြစ်နေတဲ့သူလေ။
ဖုန်းမကိုင်တော့messageတွေတောက်လျှောက်ဝင်လာတယ်
"ဆရာ ဝါreportတင်ထားတယ်နော်"
"ဗီယက်နမ်မှာအဆင်ပြေရဲ့လား"
"စောစောအိပ်ဖို့မမေ့နဲ့နော် Good night"
ကျွန်တော်မဖတ်ပေမဲ့ ဘာလို့အဲ့စာတွေကိုဖတ်လိုက်မိတာလဲ
ဦးခိုက်ရေချိုးခန်းထဲကပြန်ထွက်လာပြီး ဟူဒီတစ်ထည်ကောက်စွပ်တယ်
"ထလေ ဘာလို့ထိုင်နေတာလဲ မင်းပဲOld Quarterသွားမှာဆို"
"မသွားဘူး!"
"ဘာဖြစ်လို့လဲ!"သူ့ပုံစံက တစ်ခုခုကိုအလိုမကျသလို ဒေါသထွက်နေတယ်
"ဘာမှမဖြစ်ဘူးမသွားချင်လို့ ငါမနက်ဖြန်မန္တလေးပြန်မယ်"
နေ့လည်ကတောင် ညနေOld Quarterသွားပြီး မနက်ဖြန်နဲ့သဘက်ခါကို ဟလောင်ဘေးနဲ့ဒါနန်းကိုသွားမယ်လို့ သူကိုယ်တိုင်အစီစဉ်ချနေခဲ့တာ ရုတ်တရက်ကြီးပြောင်းလဲသွားတဲ့သူ့စိတ်ကို ဦးခိုက်နားမလည်နိုင်အောင်ဖြစ်ရတယ်
"ပြန်လို့မရဘူး မနက်ဖြန်flightမရှိဘူး"
"ဒါဆိုလဲရတဲ့နေ့တန်းပြန်မယ်"
"ဘာဖြစ်လို့လဲ! ဘာဖြစ်လို့ပြန်ချင်တာလဲဆိုတာ ကိုယ့်ကိုပြောအုံးလေ"
ကျွန်တော်ကဘာပြောရမှာလဲ သူ့ဘာသာဆရာတပည့်နှစ်ယောက်အဆင်ပြေနေတာကို ကျွန်တော်ကကြားထဲကဝင်ပြီး မဝါဆီကmassageတွေဝင်တာ မကြိုက်ပါဘူးလို့ပြောရမှာလား။
"အို...ပြန်မယ်ဆိုထဲက ဒီမှာမနေချင်လို့ပြန်တာ ရှင်းနေတာပဲ"
"မနေချင်ရအောင် ဒီမှာကဘာဖြစ်နေလို့လဲ"
"နင်ရှိနေလို!"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ