ကျွန်တော်နေကောင်းသွားတော့ ဉီးခိုက်ကဘယ်သွားချင်လဲလို့အရင်မေးတယ်
ကျွန်တော်ကအင်းဝလို့ပဲပြန်ဖြေဖြစ်ခဲ့တယ်
ခြောက်ကပ်ကပ်မြို့ဟောင်းတစ်မြို့ကိုရွေးလည်လို့ ဦးခိုက်က ကျွန်တော့်ကို အဘွားကြီးလို့ ထပ်နောက်ခဲ့ပြန်တယ်
ကျွန်တော်ကတော့ သမိုင်းကြောင်းတွေနှံ့စပ်တဲ့ ဦးခိုက်နဲ့အတူ အင်းဝလို့ခေါ်တဲ့ ရတနာပူရကိုလည်ပတ်ချင်သည်။ သူပြောပြတဲ့သမိုင်းကြောင်းတွေနားထောင်ချင်သည်။စာပေအကြောင်းတွေပြောတိုင်း တည်ကြည်လေးနက်နေတဲ့သူ့မျက်နှာချောချောကို ငေးမောချင်သည်။
ပုဂံငယ်လို့တင်စားလို့ရတဲ့ အင်းဝကကျွန်တော့်စိတ်အာရုံကိုဆွဲဆောင်နိုင်တဲ့ မြို့ဟောင်းတွေထဲက တစ်မြို့ပါပဲ
ခေတ်သုံးခေတ်နဲ့ လေးကြိမ်တိုင်တိုင်မင်းနေပြည်တော်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရတဲ့ အင်းဝမြို့ဟောင်းကြီးကို မြင်းလှည်းနဲ့လည်ပတ်ခွင့်ရတဲ့အချိန် ကျွန်တော့်စိတ်တွေဟာ အင်းဝခေတ်မှာရှင်သန်နေရသလို အငွေ့အသက်တွေက ရှေးဆန်လွမ်းဆွတ်ဖွယ်ကောင်းနေခဲ့တယ်
မြင်းခွာသံတစ်ခွက်ခွက်နဲ့မြင်းလှည်းလေးက အင်းဝမြို့ကိုဝင်ဝင်ချင်း မဟာဇေယပထအုတ်လမ်းလို့ခေါ်တဲ့(ဦးအို-အုတ်လမ်း)ကြားလေးကနေဖြတ်လာတော့ ဘေးတစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ ရှေးဟောင်းလက်ရာ အုတ်ရိုးတန်းလေးတွေကို ငေးမောရင်း ၁၉ရာစုကိုပြန်လည်ရောက်ရှိသွားသလို ကျွန်တော်ခံစားလိုက်ရသည်
မြင်းလှည်းစီးနေရင်း ဦးခိုက်က အင်းဝမြို့ဟောင်းအကြောင်းတွေရှင်းပြသည်
"ထုတ်ခွန်သာ အင်းဝတည်တဲ့"ဦးခိုက်ရဲ့တည်ကြည်လေးနက်တဲ့အသံကြောင့် ကျွန်တော့်အာရုံတွေ သူ့ဆီကိုပြန်ရောက်သွားသည်
"ထုတ်ဆိုတာ၇၊ ခွန်က၂၊ သာက၆ (၇၂၆ခုနှစ်)မှာ သတိုးမင်းဖျားက အင်းဝကို တည်ထောင်ခဲ့တာလေ မြို့တည်စက မြစ်ကျိုးအင်းတွေကို မြေဖို့ပြီးတည်ခဲ့ရလို့ အင်းဝလို့ခေါ်တွင်ခဲ့တာ အင်းဝ၊ညောင်ရမ်း၊ကုန်းဘောင် ခေတ်သုံးခေတ်မှာနာမည်ငါးမျိုးနဲ့လည်းကျော်ဇောခဲ့သေးတယ် အင်းဝ၊အင်းနဝ၊ရွှေဝ၊အဝနဲ့ရတနာပူရတဲ့ သတိုးမင်းဖျားက အင်းဝနေပြည်တော်ကြီးကိုတည်ထောင်ခဲ့ပေမဲ့ သူကိုယ်တိုင်တော့ နန်းစံသက်၃နှစ်ကျော်ပဲစိုးစံခဲ့ရတယ်၊ သတိုးမင်းဖျားပြီးနောက် နန်းတက်တဲ့ မင်းကြီးစွာစော်ကဲကတော့ အင်းဝသမိုင်းမှာ ပိုထင်ရှားတဲ့ဘုရင်တစ်ပါးဖြစ်ခဲ့တာပေါ့(မရွယ်ပဲ၊ စော်ကဲမင်းဖြစ်)ဆိုတဲ့စကားကြားဖူးတယ်မလား"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romansaအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ