Part48(Uni/ZG)

5.1K 180 3
                                    

ဦးခိုက်အလုပ်သွားတော့မယ်ဆိုတော့ သော် သူ့လက်မောင်းမှာလက်ချိတ်ပြီးအိမ်ရှေ့ထိလိုက်ပို့ပေးတယ်

ဆံပင်တိုတိုကပ်ကပ်လှဲလှဲလေးတွေက သူ့ခေါင်းလုံးလုံးလေးနဲ့လိုက်ဖက်နေသည်

ဆံပင်အတိုညှပ်လိုက်ပြီဖြစ်တာကြောင့် နားသယ်စပ်တွေကစိမ်းမြနေပြီး ဂုတ်သားဖွေးဖွေးလေးတွေကိုအတိုင်းသားမြင်နေရသည်

ကိုယ်ကသူ့ဆံပင်ရှည်လေးကိုမြတ်နိုးပေမဲ့ သူကသားကိုသူ့ဖြစ်တည်မှုအတိုင်းပြုစုပျိုးထောင်ချင်တာလည်းပါလိမ့်မည်။

အခုကတည်းကသူယောကျာ်းလေးပုံစံနဲ့ပဲနေတော့တယ်

သူ့အဝတ်အစားတွေကိုလည်း တစ်ခြားသူတွေကိုပေးပစ်လိုက်ကုန်ပြီ။

သားမွေးလာရင်လည်း သားမှာဖေဖေနှစ်‌ယောက်ရှိတယ်ဆိုတဲ့အကြောင်းကို သားနားလည်လာအောင်ဖြေးဖြေးချင်းပြောပြရဦးမယ်

ဒီဖေဖေကသားကိုဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကတော့မပါမဖြစ်ပေါ့။

ကိုယ်တို့မွေးလာမဲ့သားလေးက ကိုယ်တို့နှစ်ယောက်နဲ့ တစ်ထေရာတူမယ်ဆိုတာယုံကြည်တယ်

သားအကြောင်းတွေးမိတော့ စိတ်ကအလိုလိုကြည်နူးပြီးပီတိတွေဖြစ်မိတယ်

မသွားခင်ကားနားရောက်တော့သူ့နှဖူးကိုငုံ့မွှေးတယ် ပြီးမှဗိုက်ကိုလက်နဲ့ပွတ်ပြီးတရွှတ်ရွှတ်ငုံ့မွှေးပြန်တယ်

"အားချစ် ဖေကြီးအလုပ်သွားတော့မယ်နော်"

အလုပ်မှာက သူလက်မှတ်ထိုးပေးမှ ဖြစ်မဲ့ကိစ္စတွေကရှိသေးတယ်

အရင်လိုကျွန်တော်ကသူ့အလုပ်တွေကိုကူမပေးနိုင်တော့ဘူးလေ

မောင်ကကျွန်တော့်ထပ်ငယ်တော့ကျွန်တော်သိပ့်တော့စိတ်မချဘူး။

စိတ်မချဘူးဆိုတာက တစ်ခြားအကြောင်းတော့မဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးများတော့ ပြဿနာ‌တွေက‌လက်ယက်မခေါ်ပဲ‌မောင့်ဆီကိုရောက်ရောက်လာတတ်လွန်းလို့ပါ။

ကလေးအဖေသာဖြစ်တော့မယ်မောင်ကလူပျို‌တွေရှုံးလောက်အောင်ချောနေတုန်းပဲ ကျွန်တော်ကသာပြောင်းလဲသွားတာ။

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now