ကျွန်တော့်ဘဝမှန်ကိုသိပြီးတဲ့နေ့ကစပြီး သူကျွန်တော့်ကိုသိသိသာသာရှောင်သွားခဲ့တယ်
ကျွန်တော့်ကိုသူ့အတွင်းရေးမှူးမလုပ်ခိုင်းတော့ဘူးဆိုတဲ့အကြောင်းကို မိသူကနေတစ်ဆင့်ပြောခိုင်းတယ်
ကျွန်တော်တို့ဆက်ဆံရေးတွေကျဲလာတာကို တစ်အိမ်လုံးရိပ်မိကြတယ်
မနက်မိုးလင်းကနေမိုးချုပ်ထိ မျက်နှာလေးတွေ့ရတယ်ဆိုရုံ စကားတစ်ခွန်းမှပြောခွင့်မရှိဘူး။
ကျွန်တော်တို့ချင်းရန်ဖြစ်ထားကြတာလားလို့အိမ်ကလူတွေအစ်အောက်မေးတိုင်း ဟန်လုပ်ပြုံးပြီး ခေါင်းရမ်းပြရုံပဲတတ်နိုင်ခဲ့တယ်
မနက်စာကိုသူကြိုက်တတ်တဲ့ထမင်းသုတ်ပြင်ဆင်ပေးနေရင်း ကျွန်တော်အလိုလိုဝမ်းနည်းလာတယ်
ဒီထမင်းသုတ်ကျွန်တော်သုတ်ပေးတယ်ပြောရင် သူစားမှာမဟုတ်ဘူးဆိုတာလည်းကြိုသိနေတယ်
မနက်စာစားတဲ့ချိန်ကျွန်တော်ရှိနေရင် သူဝင်မစားပဲ အလုပ်တန်းသွားတတ်တယ်
ကျွန်တော်နဲ့အတူ စားပွဲတစ်လုံးမှာအတူထိုင်ဖို့တောင်သူမနှစ်မြို့တော့ဘူးထင်တယ်
ကြီးမြသူ့ကိုကြည့်ရင်း သက်ပြင်းတစ်ချချနဲ့စိတ်မကောင်းဖြစ်နေမိတယ်
"ဘယ်လိုဖြစ်ရတာလဲ သမီးရွေးရယ် သားငယ်ကသမီးအပေါ်ကိုစိမ်းစိမ်းကားကားကြီးကိုဖြစ်သွားတာ သမီးတို့ချင်းရန်တွေဘာတွေများဖြစ်ထားကြသေးလား"
"မဖြစ်ပါဘူးကြီးမြရယ် ရွေးလည်းမသိပါဘူး"ဟန်လုပ်ပြောလိုက်ပေမဲ့ အမှန်တကယ်က ကျွန်တော့်ကြောင့်ပါ။
ကျွန်တော့်စိတ်လိုသာဆိုရင် အရာအားလုံးကိုဖွင့်ပြောပြီး ပြည်ပုံးကားချလိုက်ချင်ပြီ။
ဒါပေမဲ့ ကျွန်တော်ကိုယ်၌ကလည်းသူနဲ့ဝေးရမှာကြောက်နေလို့ ထားတဲ့အတိုင်းပဲနေခဲ့လိုက်တာ။
မနက်၉နာရီဆိုသူဆင်းလာနေကျဖြစ်တာကြောင့် မနက်စာနဲ့ထမင်းချိုင့်ပြင်ဆင်ပေးပြီး ကျွန်တော်အခန်းထဲပြန်ဝင်နေလိုက်တယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ