"မမလေး"မိသူအိမ်ထဲကိုပြေးဝင်လာတယ်
"ဘာဖြစ်တာလဲမိသူ"
"အိမ်ရှေ့မှာမမလေးနာမည်နဲ့ပစ္စည်းလာပို့နေတယ်"
"ဘာပစ္စည်းလဲ"
"ဆိုင်ကယ်ပါ"
ဆိုင်ကယ်ဆိုတာနဲ့ဦးခိုက်မှာထားမှန်းကျွန်တော်သိလိုက်ပြီ။
"ကလင်!....ကလင်!"
ချက်ချင်းပဲ ဧည့်ခန်းကဖုန်းဝင်လာတာကြောင့် ကျွန်တော်ပဲသွားကိုင်လိုက်တယ်
အိမ်ရှေ့မှာတော့ ဆိုင်ကယ်showroomကလူတွေက light truckကားပေါ်ကနေ scoopyiဆိုင်ကယ်ကို လူနှစ်ယောက်ထမ်းချနေကြတယ်
"Hello"
"ဆိုင်ကယ်ရောက်လာပြီမလား ကိုယ်မင်းစီးဖို့မှာထားပေးတာ ကိုယ်ပြန်လာမှ မင်းကိုဆိုင်ကယ်စီးသင်ပေးမယ်"
"အာ...ဦးခိုက်...!"
"တီ!"
ဘာမှပြန်ပြောချိန်မရလိုက်ဘူး သူပြောချင်တာပြောပြီး ဖုန်းပြန်ချသွားတယ်
အမဲရောင်စပို့ရှပ်လေးကိုဘောင်းဘီထဲထည့်ဝတ်ထားတဲ့ကောင်လေးနှစ်ယောက်ကအိမ်ထဲဝင်လာပြီး"မရွေးရတုလားဗျ"
"ဟုတ်ပါတယ်"
"ပစ္စည်းလက်ခံကြောင်းလက်မှတ်လေးထိုးပေးပါ"
ကျွန်တော်လက်မှတ်ထိုးပေးလိုက်တယ် သူတို့ကတော့ အဆင်မပြေတာရှိရင်ပြောဖို့ customer serviceပေးပြီးပြန်သွားကြတယ်
ဒီတိုင်းလည်းသွားရေးလာရေးအဆင်ပြေနေတာကို ဆိုင်ကယ်ဈေးတွေကတက်ကတက်နဲ့ အလကားနေ ပိုက်ဆံတွေအကုန်ခံလိုက်ပြန်ပြီ။
>>>>>>>>>>>>>>>>>>>>>
ညနေရောက်တော့ ဦးခိုက်ပုံမှန်ချိန်ထပ်စောပြီးအိမ်ပြန်လာလိုက်တယ်
ဆိုင်ကယ်ကိုတော့ ကိုယ့်အကြိုက်scoopyiအနက်ရောင်မဲလုံးလေးပဲ ဝယ်ထားပေးတယ်
စွတ်စွတ်ဖြူနေတဲ့သူ့အသားရည်နဲ့ဆို လိုက်မှာ။
လက်တင်စီးလို့ရတဲ့အနေအထားဖြစ်ပေမဲ့ သူစီးမှာမို့ ကိုယ်တိုင်ကိုယ်ကျစစ်ဆေးပေးနေမိတယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Любовные романыအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ