အိမ်ခြံဝင်းအတွင်း ဦးခိုက်ရဲ့ဆိုင်ကယ်ကို လူတစ်ယောက်က မောင်းဝင်လာတယ်
သူကမနေ့ညတုန်းက ဦးခိုက်ကိုအိမ်ပြန်လိုက်ပို့ပေးကြတဲ့လူတွေထဲကတစ်ယောက်ပဲ
သူ့နာမည်က မာန်စစ်ဆိုတာကိုတော့ ကျွန်တော်မှတ်မိပါတယ်
မာန်စစ်က ဆိုင်ကယ်ကို ဧကရာဇ်ပင်အောက်မှာရပ်ပြီး ပန်းပင်ရေဖြန်းနေတဲ့ကျွန်တော့်အနားကိုရောက်လာတယ်
"တွေ့ရတာဝမ်းသာပါတယ်မရွေးရတု"
ကျွန်တော်အသိမှတ်ပြုကြောင်း ခေါင်းပဲငြိမ့်ပြလိုက်တယ်
"မနေ့ညကကိုယ်မူးနေတာနဲ့ ဆင်းမနှုတ်ဆက်တော့တာ စိတ်မရှိပါနဲ့"
"ရပါတယ်ကိုမာန်စစ်"
နာမည်ရှေ့မှာ"ကို"တပ်ခေါ်ပြီး ယဉ်ယဉ်ကျေးကျေးတုန့်ပြန်လိုက်တဲ့ သူ့အမူအယာလေးက တည်ကြည်နေသည်
"ဦးခိုက်ရောဟင် မရွေးရတု"
"သူမနိုးသေးဘူး"တစ်ခွန်းမေးတစ်ခွန်းဖြေနဲ့ ခပ်တန်းတန်းနေတတ်တဲ့ပုံစံလေးကမာနတော့ကြီးမည့်ပုံ။
ဆိုးဆေး မိတ်ကပ် နှုတ်ခမ်းနီတွေမသုံးစွဲထားပါပဲ ဘေးတိုက်မြင်နေရတဲ့ ပါးပြင်တစ်ခြမ်းဟာ လရောင်ပမာ ဝင်းမွတ်နေသည်
နှာတံလေးလုံးပြီး နှုတ်ခမ်းရဲလေးတင်းတင်းစေ့ပိတ်ထားတဲ့ပုံကနှင်းဆီပန်းလေးဖူးနေသလိုပါပဲ
"ကိုယ်သူ့ဆိုင်ကယ်ကိုလာပြန်ပို့ပေးတာပါ ဦးခိုက်ကအမြဲတမ်းအပြင်ထွက်နေတတ်တာဆိုတော့ ဆိုင်ကယ်မရှိလို့မဖြစ်ဘူး"
အမှန်တကယ်ကဆိုင်ကယ်မရှိလည်းဖြစ်ပါတယ် ဦးခိုက်ကားနဲ့သွားလို့ရမှန်းလည်း မာန်စစ်သိတယ် ဒါပေမဲ့ အကြောင်းမရှိအကြောင်းရှာပြီး လာသလိုများဖြစ်သွားပြီလားလို့ မာန်စစ်ကိုယ့်ကိုယ်ကိုလည်း ပြန်မေးကြည့်ရသေးတယ်
ကိုမာန်စစ်က ဦးခိုက်ဆိုင်ကယ်သော့ကို ကျွန်တော့်ဆီလာအပ်တယ်
"ရော့ ဒီမှာဆိုင်ကယ်သော့ မရွေးရတု"
ကျွန်တော် လက်မခံရင် ရိုင်းရာကျမှာစိုးလို့ရေပိုက်ချပြီး သူ့ဆီကဆိုင်ကယ်သော့ကိုလက်ခံထားလိုက်တယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ