Part8(Uni/ZG)

6.6K 240 1
                                    

ဦးခိုက်အိပ်ယာကနိုးကတည်းက ရွေးရတုကိုပန်းခြံထဲမှာလည်းမတွေ့၊ မီးဖိုချောင်မှာလည်းမတွေ့၊ breakfastစားတဲ့နေရာမှာလည်းမတွေ့တော့ ကြီးမြကိုမေးလိုက်တယ်

"ကြီးမြ ရွေးရတုရော မနက်စာလာမစားဘူးလား"

မမေးစဖူးမေးလို့ထင်တယ် လက်ဖက်ရည်သောက်နေတဲ့ဘဘကြီးကတောင် ခေါင်းထောင်ကြည့်လာတယ်

"သမီးရွေးမရှိဘူးသားငယ်ရဲ့"

ဦးခိုက်မျက်မှောင်တွေတွန့်ချိုးသွားရင်း"မနက်အစောကြီးဘယ်သွားတာလဲကြီးမြ"

ဘဘကြီးကဝင်ဖြေတယ်"နာရီလည်းပြန်ကြည့်အုံးဦးခိုက် ၉နာရီကျော်နေပြီ ဒါစောသေးလား"

ဦးခိုက်ပုံစံကသက်ပြင်းချပြီး စိတ်မရှည်တော့တဲ့ပုံပေါက်သွားသည်
"ကဲပါ သူဘယ်သွားတာလဲဆိုတာသာကျွန်တော့်ကိုပြောပါ"

"သမီးရွေးကသူ့ပန်းချီကားသွားပို့မယ်ဆိုပြီး မနက်အစောကြီးထဲကအပြင်ထွက်သွားတာပဲ"

"ဘယ်သူပါလဲကြီးမြ"

"ဘယ်သူမှမပါဘူး တစ်ယောက်ထဲသွားတာ မိသူကအဖော်လိုက်ပေးမယ်ပြောတော့ သမီးရွေးက သူ့ဘာသာပဲသွားမယ်တဲ့"

"ကြီးမြကဘာလို့သူ့ကိုတစ်ယောက်ထဲလွှတ်လိုက်ရတာလဲ မအူလည်မလည်နဲ့ မသွားတတ်မလာတတ်တွေဖြစ်နေအုံးမယ်"

"ဪ...ကြီးမြလွှတ်တာမဟုတ်ပါဘူးတော် ဘဘကြီးကိုယ်တိုင်ခွင့်ပြုပေးလိုက်တာ"

"အေးလေ..ဦးခိုက် သမီးရွေးကကလေးမဟုတ်တော့ဘူး ဒီလောက်တော့သူသွားတတ်လာတတ်ပါတယ်"

"ဘဘကြီးတို့ကဘာသိလို့လဲ!..." ဦးခိုက်စကားကတစ်ဝက်နဲ့တင်ရပ်သွားတယ် ဈေးချိုလေးသွားတာကို ပိုက်ဆံအိတ်လုခံရတယ်လို့ပြောရင် ကိုယ်ကောင်းကောင်းမစောင့်ရှောက်ဘူးဆိုပြီး ဘဘကြီးတို့က အပြစ်တင်အုံးမယ်

"ဒါဆိုလည်းမင်းမေးသင့်တယ်လေဦးခိုက် သမီး‌ရွေးအိမ်ကိုရောက်တာတစ်လကျော်ပြီ မင်းသူ့ကိုဘယ်သွားချင်လဲ ဘာလုပ်ချင်လဲဆိုပြီး တစ်ခွန်းမေးခဲ့ဖူးလို့လား"

"သူပြောပြလေဘဘကြီး သူဘယ်သွားချင်လဲ ဘာလုပ်ချင်လဲပြောမှ ကျွန်တော်ကသူလုပ်ချင်တာတွေကို လိုက်လုပ်ပေးလို့ရမှာပေါ့"

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now