"အားချစ်ကဖေလာရင်အားကြီးဆိုးတယ်"သားကသူ့အဖေအလုပ်ကပြန်လာပြီဆိုရင် သူ့ကိုမချီမချင်းငိုနေတော့တာ။
"သားလေးရေ ဖေကြီးသားလေးရေ"သားကိုချီဖို့လက်ဆေးနေရင်း မချီခင်အသံပေးတော့ ခေါင်းလေးထောင်ပြီးခဏငြိမ်သွားတယ်
လက်ကလေးတွေခြေထောက်လေးတွေကလည်း လှုပ်လှုပ်ပြီးသူ့ဖေကြီးကိုချီခိုင်းနေတယ်
"ချီမှာချီမှာ ဖေကြီးကချီမှာ"
လက်ကရေကိုတီရှူးနဲ့ပြောင်အောင်သုတ်ပြီးမှ ဦးခိုက်သားကိုညှင်သာစွာပွေ့ချီလိုက်တယ်
သားကအခုဆိုရင်ခြောက်လထဲကိုရောက်နေပြီ။
အားချစ်လို့ခေါ်ရင်လည်းသိသလို သော်ဇင်ခိုက်လို့ခေါ်ရင်လည်းသိတယ်
သားကိုသနပ်ခါးရေကျဲလေးလိမ်းပေးထားတာကြောင့် ဦးခိုက်သားပါးပြင်ဖွေးဖွေးလေးတွေကိုငုံ့မွှေးလိုက်တယ်
နို့နံ့နဲ့ကလေးပေါင်ဒါနံ့သင်းသင်းလေးတွေက သားကိုယ်မှာကပ်ငြိနေတယ်
"ဖေကြီးသားကမွှေးနေတာပဲကွာ...ဖေကြီးသားကမွှေးနေတာပဲကွာ"သားကလည်း သူ့ဖေကြီး
ခေါင်းနဲ့ခွေ့နေတာကိုသဘောကျပြီးတခစ်ခစ်ရယ်တယ်သူ့ခေါင်းကဆံပင်တွေကိုလည်းဆွဲပြီးလက်နဲ့ရိုက်တယ်
"မောင်သားကိုအဲ့လိုကြီးပွတ်ပွတ်ပြီးမနမ်းနဲ့သားပါးတွေနီကုန်ပြီ"
"ကိုယ်သာသာလေးနမ်းတာပါကွာ"
"ကိုယ့်မုတ်ဆိတ်ကို ကိုယ့်လက်ဖဝါးနဲ့အရင်ပွတ်ကြည့်ပါလား ဆူးလားမဆူးလားလို့ ကျွန်တော်တို့သားဖနှစ်ယောက်ပဲ ဒီဒဏ်တွေကိုခံနေရတာ"
ကျွန်တော်အဲ့လိုပြောတော့မောင်ကစိတ်မဆိုးတဲ့အပြင်ခပ်ဟဟလေးရယ်ပါတယ်
ဘာလို့ဆိုကျွန်တော်ကမောင့်ကိုအလိုလိုက်တတ်တာမောင်အသိဆုံးလေ။
"မင်းပဲပြောတော့အယားပြေတယ်ဆို"
"ဦးခိုက်နော်!"
"သားကိုဘာကျွေးပြီးပြီလဲ"
"ဆန်မှုန့်ဖျော်တိုက်ပြီးပြီ...မောင်ရောထမင်းစားတော့မလားဟင်"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ