"တူ...တူ"ဖုန်းဝင်သံ
ဘဘကြီးက ကြိုးဖုန်းကိုနားနားကပ် နားထောင်နေတယ်
ဒါနဲ့ဆိုနှစ်ခါရှိပြီ ဦးခိုက်ကိုဖုန်းဆက်နေတာမကိုင်ဘူး။
"တူ...တူ"
ဘဘကြီးဆီက သုံးခါမြောက်ဖုန်းဝင်လာတော့ဦးခိုက်အသံတွေမဆူအောင် barအပြင်ထွက်လိုက်တယ်"hello ဘဘကြီး"
"ဦးခိုက်မင်းဘယ်မှာလဲ ညကိုးနာရီထိုးနေပြီအခုချိန်ထိအိမ်ပြန်မလာသေးဘူးလား"
"ကျွန်တော်ဒီနေ့အိမ်ပြန်မလာဘူး ဘဘကြီး"
"အိမ်ပြန်မလာလို့ မင်းဘယ်မှာအိပ်မှာတုန်း"
"ရုံးမှာအိပ်မှာ!"
"ဟိတ်ရောင် အပိုမလုပ်နဲ့ မင်းရုံးမှာမရှိဘူးဆိုတာ ငါပူပြင်းကိုဖုန်းဆက်မေးပြီးပြီ ဒီနေ့တစ်နေကုန်လည်း မင်းရုံးကိုမလာဘူးတဲ့"
"ကျွန်တော်ရုံးမှာရှိတယ်လို့ ဘဘကြီးကိုမပြောပါဘူး ရုံးမှာပြန်အိပ်မယ်လို့ပဲ ဘဘကြီးကိုပြောတာ"
"မင်းဘယ်ရောက်နေတာလဲ"
"ကျွန်တော့်သူငယ်ချင်းတွေနဲ့အပြင်ရောက်နေတာ"
အပြင်ရောက်နေတယ်ဆိုကထဲက သောက်စားနေကြမှာကျိန်းသေးတယ်
"ဘာပဲဖြစ်ဖြစ်အိမ်ပြန်လာခဲ့ဦးခိုက် ရုံးမှာပြန်မအိပ်နဲ့ ရုံးကအမရပူရမှာရှိတာ အဲ့ဒီ့ဘက်တွေက ညဆိုလူပြတ်တယ် ဆိုင်ကယ်တစ်စီးနဲ့ငါစိတ်မချဘူး"
ကျွန်တော်ဘဘကြီးကိုကြည့်ပြီးသနားလာတယ် အသက်ကြီးမှ မြေးတစ်ယောက်အတွက် ပူပန်သောကရောက်နေရရှာတာ။
"ဘဘကြီး"
"ဟင်! သမီးရွေးမအိပ်သေးဘူးလား"
"ရွေးအိပ်မပျော်လို့လေ ဘဘကြီး"
ဘဘကြီးက ဧည့်ခန်းမှာ သူ့မြေးကိုထိုင်စောင့်နေတာကြောင့် ကျွန်တော်လည်း ဘဘကြီးအဖော်ရအောင် မျက်နှာချင်းဆိုင်က ဆက်တီမှာဝင်ထိုင်လိုက်တယ်
"ဦးခိုက်အားတဲ့တစ်ရက်မှ သမီးရွေးကိုခေါ်ပြီး မဟာမုနိဘုရားလိုက်ပို့ပေးရအုံးမယ်"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Lãng mạnအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ