ရုံးရောက်ထဲက သူအလုပ်လုပ်နေတာ တစ်ချက်မှမနားဘူး ရှာကျွေးမဲ့ကိုယ်တစ်ယောက်လုံးရှိနေတာကိုဘာတွေအဲ့လောက်ထိကြိုးစားနေမှန်းမသိဘူး။
ဦးခိုက်သူ့အနားသွားပြီးlaptopကိုကောက်ပိတ်လိုက်တယ်
"ဦးခိုက်ဘာလုပ်တာလဲဟာ ဒီမှာစက်ရုံပိုင်းကထုတ်ကုန်အရေအတွက်နဲ့ ရုံးပိုင်းကိုပြန်တင်ထားတဲ့စာရင်းတွေ ကိုက်မကိုက်တစ်ချက်စစ်နေတယ်လေဟာ"
"မင်းမျက်လုံးတွေညောင်းနေမှာစိုးလို့"
"မညောင်းပါဘူး"သူlaptopပြန်ဖွင့်ပြီး စာရင်းတိုက်နေတယ်
"ကိုယ်တစ်ယောက်လုံးရှိနေတဲ့ဥစ္စာ ဘာတွေအဲ့လောက်ထိကြိုးစားနေတာလဲ"
"ငါနင့်အပေါ်မှာအကြွေးတင်နေလို့"
"ဘာအကြွေးလဲ"
သူပြန်မဖြေပဲကိုယ့်မျက်နှာကိုဖျက်ခနဲမော့ကြည့်တယ်
ဦးခိုက်ကအဲ့ဒီ့အကြောင်းတွေကိုတကယ်ပဲမသိတာလား မသိချင်ယောင်ပဲဆောင်နေခဲ့တာလား။
ဘယ်လိုပဲဖြစ်ဖြစ်သူတို့အကြွေးကကျွန်တော့်အကြွေးပါပဲ အရာအားလုံးကကျွန်တော်နဲ့သက်ဆိုင်နေတယ်
"ဒေါက်! ဒေါက်!"
တံခါးခေါက်သံကြားတာကြောင့် သူတံခါးပေါက်ဘက်ကိုလှည့်ကြည့်ပြီးပြန်ဖြေတယ်"ဝင်ခဲ့"
သန္တာဝင်လာပြီး"အစ်ကိုလေး အပြင်မှာဧည့်သည်ရောက်နေပါတယ်"
"ဘယ်သူလဲ"
"မမေမဒီတဲ့"
ဦးခိုက်မျက်နှာကွက်ခနဲပျက်သွားတာကို ကျွန်တော်မြင်လိုက်ရတယ်
သူတို့နှစ်ယောက်ကအခုချိန်ထိအဆက်အသွယ်ရှိနေသေးတာလား ကျွန်တော့်စိတ်ထဲမှာမတင်မကျတော့ဖြစ်မိတယ်
ဦးခိုက်အစိုးရိမ်ဆုံးကလည်း မေမဒီနဲ့ကိုယ့်ကို သူအထင်လွဲသွားမှာကိုပဲ။
"ဘာလာလုပ်တာလဲ"
"သူအချိန်သိပ့်မရလို့ အစ်ကိုလေးနဲ့ပဲတွေ့ချင်တယ်ပြောတယ်"
"ဒါဆိုလည်းလွှတ်လိုက်"အခုလိုထိပ်တိုက်ရှင်းလိုက်ရတော့လည်း တစ်မျိုးကောင်းတာပဲလေ။
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ