"မဝါ"
ပူပြင်းခေါ်လိုက်တာကြောင့် ဝါဝါခိုင်စာရင်းလုပ်နေရင်းခေါင်းထောင်ကြည့်လာတယ်"အင်း...ကိုပူပြင်း"
"အစ်ကိုလေးကမဝါကို ဒီနေ့ကစပြီး စက်ရုံမှာပဲ အလုပ်ဆင်းပါတဲ့"
"ဘာ! ငါကဘာကိစ္စစက်ရုံမှာအလုပ်ဆင်းရမှာလဲ!"
"အစ်ကိုလေးက မဝါကို စက်ရုံမှာလစ်လပ်နေတဲ့ မန်နေဂျာလက်ထောက်ရာထူးအတွက်အလုပ်ပြောင်းခန့်လိုက်တာပါ"
"ငါကသူဌေးရဲ့အတွင်းရေးမှူးလေ ဘာကိစ္စမန်နေဂျာရဲ့လက်ထောက်ဖြစ်ရမှာလဲ!"
"ဒါကတော့ ကျွန်တော်လည်းမသိဘူးလေ အစ်ကိုလေးဆုံးဖြတ်တာပဲ တကယ်လို့မဝါမကျေနပ်ရင် အစ်ကိုလေးကထွက်စာတင်လို့ရပါတယ်တဲ့"
ဝါဝါခိုင်ဒေါသထွက်သွားပြီး လက်တင်ထားတဲ့နေရာက စက္ကူစာရွက်တွေကိုလုံးချေပစ်လိုက်တယ်
တခြားရုံးဝန်ထမ်းတွေလည်း ကိုပူပြင်းနဲ့မဝါပြောနေတာတွေကိုကြားနေရတော့ ခေါင်းချင်းဆိုင်သွားကြတယ်
"မဝါရာထူးလျှောသွားပြီဆိုတော့ အစ်ကိုလေးရဲ့အတွင်းရေးမှူးနေရာ ဘယ်သူရောက်လာမှာလဲမသိဘူးနော်"
"ငါနေမှာပေါ့သန္တာရယ်"
"ဆုတောင်းလေ မမကလျာဖြစ်စရာလား!"
"သန္တာနဲ့ကလျာ"
"ရှင် ကိုပူပြင်း"
"စကားမများနဲ့ မဝါပစ္စည်းတွေကူသိမ်းပေးလိုက် ပြီးရင်အပြင်ကsecurityနှစ်ယောက်ခေါ်ပြီး အတွင်းရေးမှူးစားပွဲကို အစ်ကိုလေးအခန်းထဲပြောင်းထားလိုက်"
"ဟုတ် ကိုပူပြင်း"သန္တာနဲ့ကလျာထလာပြီး မဝါစားပွဲနားရောက်လာတယ်
"စိတ်မကောင်းပါဘူးနော်မဝါ မဝါရုံးပိုင်းကိုလာလို့မရတော့ဘူးဆိုပေမဲ့ စက်ရုံဘက်ကပိုသက်သာပါတယ် စာရင်းထိုင်မှတ်နေရုံပဲ ဒီမှာကမှ ဟိုပြေးရဒီပြေးရနဲ့"
"နင်တော်လိုက်တော့သန္တာ!"
အမှန်တကယ်ဆိုရင် ငါကဘဘကြီးလက်ထပ်ထဲကအလုပ်လုပ်လာတာ ဆရာငါ့အပေါ်ဒီလိုတော့မလုပ်သင့်ပါဘူး။
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ