Part2(Uni/ZG)

10.2K 311 2
                                    

ကျွန်တော်နေရတဲ့ အခန်းပြတင်းပေါက်ကကြည့်ရင် အိမ်ခြံဝန်းက ပန်းခြံကိုကောင်းစွာမြင်နေရသည်

ရိုးတံနီနီနဲ့ဆိတ်ဖလူးပန်း‌တွေသည် လရောင်အောက်မှာနီလာရောင်လျှန်းလျှန်းတောက်နေ၏။

ဧကရာဇ်ပန်းတွေ ဝေဆာအောင်ပွင့်နေတာကြောင့်ရှူရှိုက်နေရတဲ့လေညှင်းမှာ ‌ဧကရာဇ်ပန်းရနံ့တို့ကရောပါနေသည်

အဖြူရောင်ဧကရာဇ်ပန်းတို့သည် လေညှင်းသုန်၍မြေခကြရသည်

ဆောင်းအဝင်ဖြစ်တာကြောင့် မုတ်သုန်ဆုတ်တော့ စနေထောင့်က မိုးခြိမ်းသံသဲ့သဲ့ကလေးကို ကြားနေရသည်

ဒီလိုဆိုတော့လည်း မန္တလေးဆောင်းအဝင်က အညာပီသအောင် လှပပါဘိ။

ငွေလစန္ဒာသည်ကား အနက်ရောင်တိမ်တိုက်အောက်နစ်မြှုပ်လျှက် တူတူပုန်းတမ်းကစားနေဟန်ရှိသည်

တောင်ပြန်လေ‌ညှင်းလေးတစ်ချက်အသော့ ကြွေကျလာတဲ့ဧကရာဇ်ပန်းတွေကိုကြည့်ရင်း ကျွန်တော့်အိတ်ထဲက လက်ကိုင်ပဝါကလေးကိုထုတ်ယူလိုက်မိသည်

ခြံထဲကိုလမ်းလျှောက်ထွက်လာရင်း‌ မနက်ကျဘုရားတင်ဖို့ ဧကရာဇ်ပန်းတွေကို လက်ကိုင်ပဝါလေးဖြန့်ပြီး တစ်ပွင့်ချင်းကောက်နေမိတယ်

ကျွန်တော့်မှာအားကိုးစရာဆိုလို့မိဘလည်းမရှိဘူး၊ဆွေမျိုးလည်းမရှိဘူး၊ဘုရားသာလျှင်ရှိပါတယ်

ရုတ်တရက်မီးရောင်ဝင်းလက်လာပြီး ကျွန်တော့်ရှေ့တည့်တည့်မှာ ဆိုင်ကယ်တစ်စီးကအရှိန်နဲ့တိုးဝင်လာတယ်

"အား!"လက်ထဲက လက်ကိုင်ပုဝါလေး လွင့်သွားပြီး ကျွန်တော့်ပန်းတွေဟာ မိုးပေါ်မှာပျံ့ကျဲကုန်တယ်

လက်ကာပြီး မျက်လုံးတွေမှိတ်လိုက်မိပေမဲ့ "ကျွီ"ဆိုပြီး အချိန်မှီဘရိတ်အုပ်လိုက်တဲ့အသံကိုလည်း ကြားလိုက်ရတယ်

"မင်းသေချင်လို့ ဒီနေရာမှာငုတ်တုတ်လာထိုင်နေရတာလား!"

ဩရှပြီးအေးစက်မာထန်တဲ့ သူ့အသံခပ်နက်နက်ကြောင့် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး ဆက်ခနဲတုန်ရီသွားတယ်

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now